အပိုင်း(26)

3.7K 70 0
                                    

အနမ်းပင်လယ်🌊🌊🌊

အပိုင်း(26)

Ring...Ring...Ring...

အိပ်ပျော်နေရာမှ ဖုန်းအသံကြောင့်
အဓိကမျက်ဝန်းများပွင့်လာ၍
သူ့ရင်ခွင်ထဲတိုးဝင်အိပ်နေသော
အချစ်ကမ္ဘာကြောင့် ပြုံးလိုက်၍
အဝတ်လွတ်နေသောပုခုံးအပေါ်စောင်လေးဆွဲခြုံပေးကာ စာပွဲပေါ်ကဖုန်းအားယူကြည့်ချိန်
အနှစ်ဖြစ်နေသောကြောင့် အဓိကမျက်ခုံးများ
ပင့်တက်သွားတော့သည်။

ထို့နောက် အိပ်ပျော်နေသောအချစ်ကမ္ဘာအား
တစ်ချက်ကြည့်၍ ထရပ်လိုက်ကာ
ဘေးမှညအိပ်ဝတ်ရုံကြီးအား
ဝတ်၍ခါးစည်းကြိုးအားချည်နှောင်လိုက်ကာ..

''အနှစ်ပြော..."

''ကိုဓိ Congratulations ပါနော်..."

တစ်ဖက်မှ ကြည့်လင်စွာပြောလာသော
အနှစ်ကြောင့် အဓိကနှုတ်ခမ်းများ
ပြုံးယောင်သမ်းသွား၍..

''Thanks အနှစ်..."

''ကိုဓိက အနှစ်ကိုမဖိတ်ဘူး ဘာလဲအနှစ်ကို
မိတ်ဆွေတစ်ယောက်လို သဘောမထားတာလားပြော..."

''မဟုတ်ဘူးအနှစ် ကိုယ်အလုပ်တွေရူပ်သွားတော့ မဖိတ်မိတာ... "

''အဟွန်း ဟုတ်ပါပြီ ဒါပင်မဲ့ အနှစ်
ကိုတော့ သက်သက်ကျွေးရမယ်နော်..."

''ဟုတ်ပါပြီ တစ်ရက်ရက်ပေါ့...''

''ဒါဆို အနှစ်မျှော်နေမယ်နော် ကိုဓိ..."

''ok ပါအနှစ်..."

အဓိက ဖုန်းချလိုက်၍ အိပ်ယာအထက်
အိပ်ပျော်နေသော အချစ်ကမ္ဘာအား
တစ်ချက်ကြည့်၍ နှုတ်ခမ်းများတွန့်ကာ
ပြုံးလိုက်၍ရေချိုးခန်းထဲဝင်လာလိုက်သည်။

ရေချိုးပြီး ထွက်လာချိန် မန်ိုးသေးသော
အချစ်ကမ္ဘာအနားသွားရပ်၍...

''အဟွန်း အတော်ပင်ပန်းသွားတာပဲ..."

ဒေါက်...ဒေါက်...

''သားရေ...ဓိဓိ.. "

ထိုအချိန် အခန်းအပြင်ဘက်မှ မေမေအသံကြောင့် သူ ရေအမြန်သုပ်လိုက်၍..

''ဘာဖြစ်လို့လဲမေမေ..."

''ခဏအပြင်ထွက်ခဲ့ပါအုံး..အပြင်မှာ
ဧည့်သည်ကောင်လေးတစ်ယောက်
ရောက်နေလို့..."

အနမ်းပင်လယ်(ပထမပိုင်း)(completed )Donde viven las historias. Descúbrelo ahora