အနမ်းပင်လယ်🌊🌊🌊
အပိုင်း(17)သုံးယောက်သား မျက်နှာပိုးမသပ်နိုင်သေးဘဲ
အီလည်လည်ဖြင့် ထွက်လာကြ၍ ပြိုင်တူပင်
တံခါးအား ပိတ်ချလိုက်သော
ဘန်ဂလိုအား ပြန်လှည့်ကာကြည့်၍...''ဒီကောင် ဘာဖြစ်သွားတာလဲ ကောင်း..."
''အဟွန်း အချစ်နဲ့တွေ့တော့ ငြိမ်ကြသွားတာနေမှာပေါ့..."
''ပြောတော့ မချစ်ဘူးဆိုပြီ..."
နှာခေါင်းရှုံးကာပြောလာသော စံလင်းအပြောကြောင့် ကောင်းနှင့် ဟိန်းစစ် ပြုံးလိုက်ကြကာ...
''ဒီကောင်အကြောင်း မင်းလဲသိရဲ့သားနဲ့
ဘယ်တုန်းက သူ့ရင်ထဲကအမှန်တရားကို
ပြောဖူးလို့လဲ...."''ဟုတ်တယ် ဒီကောင်ငါထင်တာတော့.
အချစ်ကမ္ဘာက်ိုကြွေနေပြီထင်တယ်..."''ထင်တာမဟုတ်ဘူး ဟုတ်ကိုယ်ဟုတ်နေတာ
ဒီကောင်လား သူမချစ်ရင် အဲ့ဒီမိန်းကလေး
သေပြမယ်ဆိုရင်တောင် ယူမဲ့ကောင်မဟုတ်ဘူး.. "''ဒါဆို အနှစ်က ဘယ်လိုလုပ်မလဲ.. ငါက
အနှစ်နဲ့ထင်တာ..."''အဲ့ဒါတော့ ကက ဘယ်လိုလုပ်မလဲဆ်ိုတာ
ငါတို့စောင့်ကြည့်ရမှာပဲ..."''အေးနော် ဒါပင်မဲ့ အချစ်ကမ္ဘာကိုယူလိုက်တာ
ဒီကောင် ကလေးထိန်းရတော့မှာပဲ..."''ငါတော့ ဝမ်းသာတယ်..."
ထိုအချိန် ငြိမ်နေသော ကောင်းဆီမှစကားကြောင့် နှစ်ဦးသား ကြည့်လိုက်၍...
''ဘာလို့လဲ..."
''အင်း ငါတော့ အနှစ်ကို မကောင်းပြောတာတော့မဟုတ်ဘူး တက်သစ်စ မောင်ဒယ်မင်းသမင်းပီပီ သူမမှာ မာယာတွေရှိတယ် လောကကြီးကိုသူမကိုယ်တိုင် မြင်တက်တယ်
အချစ်ကမ္ဘာကြတော့ ငယ်သေးတယ်
မိဘအက်ိုတွေက ပိုးမွေးသလိုမွေးလာတဲ့မိန်းကလေး ကကအပေါ်အရမ်းခင်တွယ်ရှာပြီး
ကကတစ်ယောက်ထဲကိုပဲ သူမမြင်တက်တာ
ဘာအရောင်မှမရှိဘဲ အဖြူထည်လေး
အဓိကပုံသွင်းသလို သွားမဲ့ဖယောင်းရုပ်ကလေးပေါ့ ငါတော့ အချစ်ကမ္ဘာဘက်ကပဲ... ''ကောင်းစကားအဆုံး နှစ်ယောက်သားခေါင်းတွေငြိမ့်သွားကြ၍....
أنت تقرأ
အနမ်းပင်လယ်(ပထမပိုင်း)(completed )
عاطفيةအဓိက=အချစ်ကမ္ဘာ(ကိုကိုအသက်ကမင်းဖြစ်နေတဲ့အချိန်ကြမှဘာလို့ထွက်ပြေးချင်နေရတာလဲကလေးလေးရယ်)