အနမ်းပင်လယ်🌊🌊🌊
အပိုင်း(29)''သမီးလေးအဆင်ပြေရဲ့လား
မသွားနိုင်ရင်မေမေတို့နောက်ရက်မှ
သွားမယ်လေ...''အိပ်ရေးမဝသောကြောင့်ရော နဂိုကအစားနည်းတာကြောင့်ရောပါ ခေါင်းကအနည်းငယ်မူးဝေနေသောကြောင့် အချစ်လေးရဲ့မျက်နှာဖြူဖြူလေးမှာ နွမ်းဖက်နေတော့သည်။
''ရတယ် မေမေဒီနေ့အဘွားပြောတာ
စကားပြောရုံပဲတဲ့ အချစ်လေးကားစီးနိုင်ပါတယ်..."သူမ ကားသာမောင်းနေရတယ်
ချွေးမဖြစ်သူမျက်နှာနွမ်းနွမ်းလေးကြောင့်
စိုးရိမ်နေမိသည်။မိဘတွေအိမ်မှာလေမထိနေမထိနေခဲ့ရသောမ်ိန်းကလေးဖြစ်ပြီး အခုတော့အိမ်ကသားက
ဘယ်လောက်တောင်ကလေးကိုအနိုင်ကျင့်ထားလဲမသိ။''သမီး သားနဲ့ရောအဆင်ပြေရဲ့လား...''
သူ့ကိုမေးလာသောကြောင့် အချစ်မျက်နှာလေး
ရဲတက်သွား၍..''ပြေပါတယ်မေမေ..."
''သား သမီးကိုအနိုင်ကျင့်ရင်မေမေကိုပြောနော်
ကြားလား... "''ဟုတ်ကဲ့မေမေ အချစ်လေးဘာမှမဖြစ်ပါဘူး..."
သူမ ခေါင်းအသာငြိမ့်ပြလိုက်၍
ကားကိုအာရုံစိုက်စွာမောင်းလိုက်သည်။သားသိမှာဆိုးသောကြောင့် ဒါရိုက်ဘာပင်
မခေါ်ဘူး နှစ်ယောက်ထဲထွက်လာတာဖြစ်သည်။သားဖြစ်သူလည်ချက်က သူမပင်လက်လန်သည်။ညကလဲသမီးလေးကိုဘယ်အချိန်က
ပြန်မသွားလဲမသိ သူမနိုးလာချိန် ဘေးတွင်
မရှ်ိတော့သောကြောင့် အပြင်ထွက်ချိန်မှာ
သားဖြစ်သူပြန်ခေါ်သွားတာကို
ဒေါ်စမ်းပြောမှသူမသိခဲ့ရသည်။သူမ အချစ်လေးပြောသောလိပ်စာအတိုင်းလာရာ ရုံးခန်းကြီးတစ်ခုအရှေ့ကားကိူရပ်လိုက်၍..
''လာ သမီးလေး ရောက်ပြီ မေမေတို့ဆင်းကြမယ်..."
''ဟုတ်ကဲ့မေမေ..."
အချစ် မျက်ဝန်းဝိုင်းလေးများဖြင့် ဟိုကြည့်ဒီကြည့်ကြည့်၍ မေမေလက်ကိုယ် အားက််ိုးတကြီးကိုင်၍ လ်ိုက်လာလိုက်သည်။
ESTÁS LEYENDO
အနမ်းပင်လယ်(ပထမပိုင်း)(completed )
Romanceအဓိက=အချစ်ကမ္ဘာ(ကိုကိုအသက်ကမင်းဖြစ်နေတဲ့အချိန်ကြမှဘာလို့ထွက်ပြေးချင်နေရတာလဲကလေးလေးရယ်)