Beyond The Hidden Castle Walls - Prologue

1.1K 89 8
                                    

မတိုးတက်ခင် ခေတ်ကာလတွေမှာ အယ်လ်ဖာတွေက မိတ်မရှိသေးသည့် အိုမီဂါတွေကို အမဲလိုက်သည့် ကစားပွဲတွေ ကျင်းပကြသည်။ အချို့မိသားစုတွေဆိုလျှင် သူတို့၏ သားသမီးက အိုမီဂါ ဆိုသည့် လက္ခဏာတွေ ပြတာနှင့် နီးစပ်ရာ အယ်လ်ဖာ သို့မဟုတ် ဘီတာနှင့် အတင်းအကြပ် လက်ဆက်ခိုင်းတတ်ကြသည်။ အချို့ အိုမီဂါတွေကတော့ ထို ကစားပွဲထဲ ရောက်မည့်အစား သေဆုံးလိုက်ဖို့ကို ရွေးချယ်ကြသည်။

တိုးတက်လာတဲ့ ခေတ်မှာတော့ သည်လို နိုင့်ထက် စီးနင်းတွေ မရှိသလောက် ရှားပါးသွားပြီ ဆိုသော်ငြား အချို့ အလွန်တရာ ချမ်းသာသည့် အယ်လ်ဖာ မိသားစုတွေက သည်ကစားပွဲတွေကို တရားမဝင် ကျင်းပနေဆဲဖြစ်သည်။

သည်ကစားပွဲတွင် ပါဝင်သည့် အိုမီဂါတွေက သူတို့ မိသားစုတွေ ကိုယ်တိုင် ငွေအမြောက်အမြားနှင့် လာရောက် ရောင်းချသွားသည့် အိုမီဂါတွေပင်။ သန့်စင်ပြီး လှပသည့် အိုမီဂါတွေကို ရဲတိုက်ကြီး တစ်ခုရဲ့ လျှို့ဝှက်အခန်းမှာ ပိတ်လှောင်ထားပြီး ကစားပွဲ ကျင်းပမည့် အချိန်မှ တောထဲကို ပြေးခိုင်းတာဖြစ်ပြီး အယ်လ်ဖာတွေက သူတို့ရဲ့ အမဲလိုက်ခွေးတွေကို အသုံးပြု၍ လိုက်ရှာကြသည်။

အရှာခံရသည့် အိုမီဂါ အရေအတွက်ထက် လိုက်ရှာသည့် အယ်လ်ဖာ အရေအတွက်က များတာမို့ ထိုအိုမီဂါတွေမှာ ဖရိုမုန်းတွေနှင့် အတင်းအကြပ် ခိုင်းစေခံရပြီး အယ်လ်ဖာတွေထံ ခစားရသည်။

ပြိုင်ပွဲ တစ်ကြိမ်ပြီးသည်နှင့် ထိုအိုမီဂါတွေက အဆင့်ဆင့် ထပ်ပြီး ရောင်းချခံရပြန်သည်။

ဒါပေမဲ့ သည်မတရားမှုတွေကို သိနေကြသည့်တိုင်အောင် ဖော်ထုတ်ဖို့ ခက်ခဲနေဆဲ။

~ ~ ~ ~

cp : Shimkongz & Centerz

genre : romance mixed crime, omegaverse

Pheromones;

ဂယူဗင်း(Dominant Alpha): Red wine scented + ရှန်ချွမ်းရွေ့(Dominant omega): Black rose scented

ဆောင်းဟန်ဘင်း(Dominant Alpha): Da Hong Pao oolong tea scented + ကျန်းဟာအို(Dominant omega): Epiphyllum scented

Epiphyllum=ကုမုဒြာကြာ

ဆိုင်ကယ်ဦးထုပ်ကတော့ prologue တင်ပြီး ပြန်အိပ်ပါတော့မယ်။ မတင်ထားရင် မရေးဖြစ်လို့။ :3

Im considering to stop uploading Zawgyi cuz Unicode become commonly used by many so...and Im bored to convert these texts T_T

any advice??

Beyond The Hidden Castle WallsWhere stories live. Discover now