'7'

824 87 13
                                    

Beyond The Hidden Castle Walls - 7 ⚠️

"သူတို့တွေ နောက်ဆုံးအိုမီဂါတွေကို တင်ပို့မဲ့ သတင်းရထားတယ် ဒါပြီးရင် အမဲလိုက်ရာသီစပြီ"

"ငါလိုက်သွားမယ်..."

"ငါလည်း လိုက်ခဲ့မယ်..."

"ကောကို လိုက်ခွင့် မပေးပါဘူး..."

"ဒါပေမဲ့ မင်းဘယ်ကိုပဲသွားသွား ငါကတော့ လိုက်နေရမှာပဲ..."

ချွမ်းရွေ့နှင့် ကျန်းဟာအို ရန်ထဖြစ်သည့်အခါ ဂယူဘင်းနှင့် ဆောင်းဟန်ဘင်းက ဝင်ဆွဲရ၏။

"နှစ်ယောက်လုံး စိတ်ထိန်းကြပါ...ဒီကိစ္စက မင်းသွားမယ် ငါသွားမယ် ငြင်းနေလို့မရဘူး"

"တစ်ယောက်တည်းသွားမှာထက်စာရင် နှစ်ယောက်သွားတာကလည်း ပိုသင့်တော်တယ်"

ဂယူဘင်းကို ချွမ်းရွေ့က မကျေနပ်သည့် အကြည့်နှင့် ကြည့်တော့ ဂယူဘင်းလည်း ဆက်မပြောဖြစ်တော့။

"ချွမ်းရွေ့ ငါမပါရင် မင်းလုံးဝ မသွားရဘူး ငါ့ဆုံးဖြတ်ချက်ကို လုံးဝမပြင်ပေးနိုင်ဘူး စကားအကုန်ပဲ..."

ကျန်းဟာအိုက အခန်းထဲက ထွက်သွားတော့ ဆောင်းဟန်ဘင်းက ပြေးလိုက်ရတော့၏။

ချွမ်းရွေ့ကတော့ သက်ပြင်းချရင်း ဆိုဖာပေါ် ခြေပစ်လက်ပစ်ထိုင်ချလိုက်သည်။ ဂယူဘင်းလည်း ချွမ်းရွေ့ ဘေးနားသွားထိုင်လိုက်သည်။

"ကိုယ်ကတော့ နှစ်ယောက်သွားတာကို ပိုပြီး ထောက်ခံချင်တယ်..."

"ငါလည်း နှစ်ယောက်သွားရင် ပိုပြီးအဆင်ပြေမယ်ဆိုတာကို သိပါတယ်..."

ချွမ်းရွေ့ က စိတ်ပျက်လက်ပျက်နှင့် သက်ပြင်းချကာ ဂယူဘင်းပခုံးပေါ် ရုတ်တရပ် မှီလာခဲ့သည်။ ပထမတော့ ဂယူဘင်း အံ့ဩသွားပေမဲ့ ချွမ်းရွေ့၏ ဖယ်ရိုမုန်းနံ့ ချိုချိုလေးတွေက လေထုထဲ သင်းပျံ့လာတော့မှ နားလည်သဘောပေါက်သွားရသည်။

"ချွမ်းရွေ့...မင်းရဲ့ heat..."

"အင်း သိတယ်..."

"ကိုယ်ထိန်းချုပ်ဆေးယူပေးရမလား..."

ဂယူဘင်း သူ့စိတ်ကို အတော်လေး ထိန်းပြီး ထိုစကားကို ပြောလိုက်ခြင်း ဖြစ်သည်။ ဒါပေမဲ့ သူ့လက်တွေက ချွမ်းရွေ့ကို ထွေးပွေ့ပြီးလျက်သား။

Beyond The Hidden Castle WallsWhere stories live. Discover now