Beyond The Hidden Castle Walls-4
ချွမ်းရွေ့တို့ကိုသာ ဂယူဘင်း မခေါ်သွားခဲ့ရင် ချွမ်းရွေ့တို့ကို ချွဲမိသားစုက တစ်စုံတစ်ခု လုပ်ပစ်လိုက်နိုင်သည်။ ချွမ်းရွေ့ ရာထူးက ရပ်နားခံရခြင်း၏ နောက်ကွယ်က အဓိကလူကလည်း ထိုမိသားစုပင်
ဖြစ်သည်။အိမ်ပြန်သည့် လမ်းတွင် ကျန်းဟာအိုက ဖုန်းကို တစ်ချိန်လုံးကြည့်ရင်း သဲကြီးမဲကြီး စာရိုက်နေသည်။
"ဒီကားပေါ်မှာ ရှာလကာရည် မှောက်ကျဖူးသေးလား ချဉ်စော်နံတယ်"
"အားကျရင် မိတ်ရှာလေ..."
ကျန်းဟာအိုက ဖုန်းကိုသာ အာရုံစိုက်နေတာ သူ့ကိုပြောနေတာမှန်းတော့ သိသေး၏။
"အားမကျပါဘူး အပူတွေ..."
"အခုကတော့ ပြောထားဦးပေါ့..."
ချွမ်းရွေ့က မနိုင်ဆိုသည့် သဘောနှင့် အကြည့်လွှဲလိုက်သည်။ အဲ့တာလား ညဧကရီ။ ဘာတွေကြည့်ပြီး ကြောက်နေကြတာလဲ။ ကြောက်စရာကောင်းတဲ့နေရာ တစ်စက်ကလေးတောင် မရှိတာကို။
"ငါ အရှေ့နားက ကိတ်ဆိုင်မှာ ဆင်းနေခဲ့မယ်..."
"တစ်ယောက်တည်းဆို အန္တရာယ်များတယ်လို့ ပြောနေတယ်..."
"မဟုတ်ဘူး သူရောက်နေပြီ..."
"ပြီးတာပဲ..."
ချွမ်းရွေ့ ကားမှန်အတွင်းကနေ ကျန်းဟာအို သူ့ရဲ့ မိတ်ဖြစ်သူကျော်ပေါ် ခုန်တက်လိုက်တာကို ကြည့်ရင်း သက်ပြင်းချလိုက်ရသည်။ ညဧကရီ ထောင်ထဲ ထည့်ထားတဲ့ လူတွေသာ ညဧကရီက သည်လိုဆိုတာ ကြားရင် ကိုယ့်ကိုယ်ကိုယ် သတ်သေကုန်ကြတော့မှာပဲ။
"ဟန်ဘင်း..."
"ကိုယ့်ကို ဒီလောက်တောင် သတိရနေတယ်ပေါ့..."
"မရပါဘူး..."
ကျန်းဟာအိုရဲ့ ကုမုဒြာကြာပန်းနံ့ သင်းသင်းလေးက ဆောင်းဟန်ဘင်းကို အေးချမ်းစေသည်ဟု ပြောရမည်။
"ဆိုင်ထဲဝင်ရအောင် ကိုယ်တို့ စကားပြောစရာတွေ ရှိနေမယ်ထင်တယ်"
"ကောင်းပြီ..."
သည်လိုကျတော့လည်း တည်တည်ကြည်ကြည်ဖြစ်သွားပြန်တဲ့ မျက်နှာလေး။
YOU ARE READING
Beyond The Hidden Castle Walls
Fanfictionရဲတိုက် နံရံအလွန်က လျှို့ဝှက်ချက်များ။ warning : mature on read at ur own risk :p