Beyond The Hidden Castle Walls - 9
"ဘာလို့ ချွမ်းရွေ့ကို အခုလို ဒုက္ခပေးရတာလဲ"
ကျန်းဟာအိုက ဂယူဘင်းကို ကော်လံစကနေဆွဲ၍ ထိုးဖို့လုပ်သော်ငြား ဟန်ဘင်းက တားထားရသည်။ အားလုံးရဲ့ သေနတ်တွေကလည်း ဟာအိုနှင့် ဟန်ဘင်းကို ချိန်ရွယ်ထားပြီ ဖြစ်၏။
သို့သော် ဂယူဘင်း၏ မျက်နှာဟာလည်း ပုံမှန်လို ဖတ်ရခက်ခဲသည့် မျက်နှာမျိုး မဟုတ်ပါဘဲ စိုးရိမ်ပူပန်မှုတွေ ထင်ဟပ်နေပါသေးသည်။ ဆောင်းဟန်ဘင်းက ဂယူဘင်း၏ မျက်နှာကို သတိထားမိသလို ဂယူဘင်းကလည်း ဟန်ဘင်း၏ အကြည့်ကို သိသည်။
"ညဧကရီနဲ့ အေးဂျင့်ကို ထိန်းသိမ်းထားလိုက်...သူတို့သုံးယောက်နဲ့ဆိုရင် ငါတို့ရဲ့ အလဲအလှယ်က ထမြောက်တာထက်တောင် ပိုသာလွန်ဦးမှာ"
"ကင်မ်အကြီးအကဲ...မင်းလူယုတ်မာ...မင်းကို ချွမ်းရွေ့က ယုံကြည်ပေးဖို့ ဆုံးဖြတ်ခဲ့တာ"
"ဟာအို စိတ်ထိန်းပါ..."
ဟန်ဘင်းက ဖယ်ရိုမုန်း သုံးပြီး ဟာအိုကို ထိန်းလိုက်ရ၏။ မျက်ဝန်းတွေမှာတော့ ခက်ထန်နေသည့် ဒေါသငွေ့တွေရှိနေဆဲပေမဲ့ ကျန်းဟာအိုက တွန်းထိုးရုန်းကန်တာမျိုး မလုပ်တော့။ ဒါဟာ mate အပေါ် သက်ရောက်သည့် အယ်လ်ဖာ၏ ဖိနှိပ်မှုပင်ဖြစ်သည်။ dominant omega ဖြစ်နေစေကာမူ permanent mate အယ်လ်ဖာရဲ့ ဖယ်ရိုမုန်းကတော့ သူတို့ရဲ့ အားနည်းချက် ဖြစ်နေပါသေးသည်။
ညဧကရီ ကျန်းဟာအိုက အချိန်အများစုမှာ ထက်မြက်တဲ့ investigator ပေမဲ့ ညီဖြစ်သူ ရှန်ချွမ်းရွေ့နဲ့ ပတ်သက်လာရင် အစ်ကိုတစ်ယောက်ရဲ့ စိတ်ကပဲ သူ့ကို အလိုလို လွှမ်းမိုးသွားတတ်၏။
ဟန်ဘင်းက ဖယ်ရိုမုန်းနှင့် ကျန်းဟာအိုကို ငြိမ်အောင် ထိန်းရင်း ဂယူဘင်းကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်၏။ ဂယူဘင်းကလည်း အဓိပ္ပာယ်ပါသော မျက်ဝန်းတွေ ပြန်ကြည့်သည်။
"ငါ့ အိုမီဂါကို မထိနဲ့..."
ဟန်ဘင်းက ဟာအိုကို ပွေ့ချီခေါ်ဆောင်သွားတာ ဖြစ်သည်။
ဟန်ဘင်းရော ဟာအိုရော မရှိတော့တာ သေချာမှ ဂယူဘင်း၏ အတွင်းရေးမှူးက သတင်းတင်ပြသည်။
YOU ARE READING
Beyond The Hidden Castle Walls
Fanfictionရဲတိုက် နံရံအလွန်က လျှို့ဝှက်ချက်များ။ warning : mature on read at ur own risk :p