Behind The Hidden Castle Walls - 2
တက်လာတဲ့ အစိုးရတိုင်းက အိုမီဂါတွေရဲ့ ဘဝတွေကို မြှင့်တင်ပေးမယ်ဆိုတဲ့ ကတိကဝတ်တွေ ပေးကာ မဲတွေယူပြီး တက်လာကြပေမဲ့ မိသားစုကြီးတွေရဲ့ အရှိန်အဝါနဲ့ ချမ်းသာမှုကို မတွန်းလှန်နိုင်ဘဲ အဲသည် မိသားစုကြီးတွေ ကြိုးဆွဲတာကို လိုက်ကနေကြရတုန်းပဲ။
ဒါပေမဲ့ အခုချိန်မှာ မဲအများဆုံးနဲ့ အနိုင်ရထားတဲ့ အမျိုးသမီး ခေါင်းဆောင်ဖြစ်တဲ့သူ ပျောက်ဆုံးနေတဲ့အတွက် အစိုးရပိုင်းရဲ့ လုပ်ငန်းဆောင်တာတွေ ဖြတ်တောက်ထားရပြီး မိသားစုကြီးတွေကသာ နိုင်ငံကို အုပ်စိုးထားလေရဲ့။ လက်ရှိ နိုင်ငံရဲ့ အဓိက အာဏာရှင်က အဓိက မိသားစုကြီး ဖြစ်တဲ့ ချွဲ မိသားစု ဆီမှာ။
ချွဲမိသားစုလက်အောက်ကို ခိုဝင်ကြတဲ့ မိသားစုငယ်လေးတွေ၊ အဖွဲ့ငယ်လေးတွေ များတာကြောင့်မို့လို့ တစ်နေ့ထက် တစ်နေ့ ပိုပိုပြီး အင်အားကြီးလာရခြင်းပင်။ ကင်မ် မိသားစုကတော့ တစ်သီးတစ်သန့် ရပ်တည်တဲ့ မိသားစုဖြစ်ပေမဲ့ ချွဲမိသားစုကြီးလောက် အင်အားမကြီးမားသော်ငြား ဒုတိယ အကြီးဆုံး မိသားစုပင်။ ကင်မ်မိသားစု လက်အောက်မှာလည်း မိသားစုငယ် အခွဲတွေ ရှိနေသေးသည်။
ကျန်းဟာအိုက Crime analyst တစ်ယောက်။ ချွမ်းရွေ့ကို ကူညီပြီး သံသယရှိသူတွေနဲ့ မျက်မြင်သက်သေတွေဆီက အချက်အလက်တွေကို စုဆောင်းတဲ့လူ။ ဒါပေမဲ့ ချွမ်းရွေ့က တာဝန်ရပ်နားခံလိုက်ရပြီ ဖြစ်တဲ့ အတွက် ချွမ်းရွေ့ရော သူပါ ပေါ်ပေါ်ထင်ထင် သွားလာလှုပ်ရှားလို့ မရဘူး။
"အိမ်မှာ နေရတာကို တော်တော်စိတ်ကုန်နေပြီ..."
ဖိုင်တွဲတွေပေါ် ခေါင်းချလိုက်ပြီး ချွမ်းရွေ့ ညည်းညူလိုက်သည်။
"မင်းရဲ့ သတင်းပေးရော အခြေအနေ"
"ဒီညနေ ထပ်တွေ့ဖို့ ရှိတယ်..."
"ငါပါ လိုက်လို့ရလား..."
"အစ်ကိုမရှိရင် ဒီဘက်မှာ ဆက်လုပ်မဲ့သူ မရှိဘဲနေလိမ့်မယ်"
"နှင်းဆီနက်က ညဧကရီကို မယုံတာလား"
ကျန်းဟာအိုနဲ့ ချွမ်းရွေ့ကို ရာဇဝတ်သားတွေ သတ်မှတ်ပေးထားကြတဲ့ နာမည်တွေက နှင်းဆီနက်နဲ့ ညဧကရီ။ သူတို့ရဲ့ ဖယ်ရိုမုန်း အနံ့တွေကို အစွဲပြုပြီး ခေါ်ကြသလို သူတို့၏ ကျွမ်းကျင်မှုနဲ့ လုပ်နိုင်စွမ်းရည်ကြောင့်လည်း ဖြစ်သည်။
YOU ARE READING
Beyond The Hidden Castle Walls
Fanficရဲတိုက် နံရံအလွန်က လျှို့ဝှက်ချက်များ။ warning : mature on read at ur own risk :p