Beyond The Hidden Castle Walls - 1
ချွမ်းရွေ့ နိုးလာတိုင်း ကြည့်မိတာ သူ့အခန်းအလုပ်စားပွဲနားမှာ ထောင်ထားတဲ့ investigation board ကိုပဲ။ သူအခုထိ ပျောက်ဆုံးနေတဲ့ အိုမီဂါတွေကို မရှာနိုင်သေးဘူး။ အောက်ခြေလူတန်းစားမိသားစုတွေရဲ့ အိုမီဂါတွေကနေ အထက်တန်းလွှာ အိုမီဂါ တစ်ယောက် အထိ။
အမဲလိုက်ရာသီ။ အိုမီဂါတွေကို အမဲလိုက်တဲ့ ဓလေ့ထုံးတမ်းကို မိသားစုကြီးတွေက ဆက်ပြီး တိတ်တဆိတ် လုပ်နေကြတုန်းပဲ။ ပျောက်ဆုံးနေတဲ့ အထက်တန်းလွှာ ကင်မ်မျိုးရိုးကတော့ မိသားစုကြီးတွေထဲက တစ်ခုဖြစ်တာမို့လို့ တစ်ခြား မိသားစုကြီးတွေကို ဆက်လက်စောင့်ကြည့်ရမည်။
"ကျွန်တော့်ကို ရာထူးနားတယ် ဟုတ်လား"
ရှန်ချွမ်းရွေ့ရဲ့ စားပွဲပေါ်ကို လက်နဲ့ ရိုက်ချလိုက်သံက ရဲမှူးရဲ့ အခန်းထဲကနေတောင် အပြင်ထိ ရောက်လာသည်။ Dominant Omega တစ်ယောက်က အယ်လ်ဖာနီးနီး အင်အားကြီး၏။
"အထက်က အမိန့်အရပါ...မင်းဘောင်ကျော်...ကျော်"
ချွမ်းရွေ့က သူ့ရဲ့ စုံထောက် တံဆိပ်ကို ရဲမှူးရှေ့ကို ပစ်ချပေးလိုက်သည်။
"ဒီ အရေးမပါတဲ့ တံဆိပ်ကိုလည်း ကျုပ်က လိုမနေဘူး ကြည့်နေ ကျုပ်အဲ့ကောင်တွေကို ထောင်ထဲ ရောက်အောင် ထည့်ပြမယ်"
"မင်းကိုယ်မင်း အိုမီဂါတစ်ယောက်ဆိုတာ အသိတရားလေးဝင်ဦး dominant ဖြစ်တာနဲ့ မဏ္ဍိုင်တက်ပြမနေနဲ့..."
"အဲ့တာဆို မေးလိုက် ဘယ်ကောင် ကျုပ်နဲ့ ယှဉ်ချရဲလဲလို့"
ချွမ်းရွေ့က ရဲမှူး မျက်နှာကို တစ်ချက်ထိုးပြီး ရုံးခန်းထဲကနေ ထွက်လာခဲ့သည်။ သူ့ခုံပေါ်က ရှိရှိသမျှ ဖိုင်တွဲတွေကို ပုံးထဲ စုပြုံထည့်ပြီး အသုံးမကျသည့် အယ်လ်ဖာတွေ စုပြုံနေသည့် ထို ရဲစခန်းထဲကနေ ထွက်လာခဲ့လိုက်တော့သည်။
အပြင်မှာတော့ ကားကို မှီရင်း စောင့်နေသူက သူ၏ ဝမ်းကွဲ ကျန်းဟာအို။ အစောက တင်းမာနေသည့် ချွမ်းရွေ့မျက်နှာက ချက်ချင်းဆိုသလို နူးညံ့ပျော့ပျောင်းသွားကာ အစ်ကို ဖြစ်သူဆီကို ကပ်ချွဲနေသည့် ကလေးလေး အသွင်ပြောင်သွားသည်။ လက်သည်းတွေ ဝှက်ထားသည့် ကြောင်ကလေး။
YOU ARE READING
Beyond The Hidden Castle Walls
Fanfictionရဲတိုက် နံရံအလွန်က လျှို့ဝှက်ချက်များ။ warning : mature on read at ur own risk :p