'3'

668 88 9
                                    

Beyond The Hidden Castle World-3

ချွမ်းရွေ့နဲ့ ကျန်းဟာအိုတို့ အတွက် အခုလို ဖမ်းဆီးခေါ်ဆောင်ခြင်းခံရတာက ဒါပထမဆုံးတော့လည်း မဟုတ်ပါဘူး။ ဖြစ်ရိုးဖြစ်စဉ် အခြေအနေတွေပါပဲ။ ဒါပေမဲ့ ဖမ်းခေါ်တဲ့လူက မိသားစုကြီးနှစ်ခုထဲက တစ်ခုဖြစ်တဲ့ ကင်မ်မိသားစုဖြစ်နေတဲ့အခါမျိုးမှာတော့ အန္တရာယ်များတယ်လို့ ဆိုရလိမ့်မည်။

အကယ်၍ ချွမ်းရွေ့တို့ကိုသာ အမြစ်ဖြတ်ချင်တာမျိုးဆို အိမ်တော်ဆီ ခေါ်ဆောင်သွားမှာတော့ မဟုတ်တဲ့အတွက် ချွမ်းရွေ့လည်း နည်းနည်းတော့ စိတ်သက်သာရာရသွားသည်။ ဒါပေမဲ့ ကျန်းဟာအိုက အခြားကားတစ်စီးမှာမို့လို့ စိတ်တော့ မချနိုင်သေး။

ကျန်းဟာအို ကိုယ်လွတ်ရုန်းချင် ရုန်းလို့ရပေမဲ့ ချွမ်းရွေ့က ကင်မ်အကြီးအကဲနဲ့ ကားတစ်စီးတည်းရှိနေတဲ့ ချွမ်းရွေ့ကြောင့် စိတ်ထင်တိုင်းလည်း လုပ်လို့မဖြစ်။

ကင်မ်မိသားစု အကြီးအကဲ ဂယူဘင်းကတော့ ချွမ်းရွေ့ ရဲ့ တည်တည်ငြိမ်ငြိမ်ရှိနေတဲ့ ပုံစံကို သဘောကျသည်။ နှင်းဆီနက်ကို သူ့လက်အောက်မှာ ထားချင်သည်။ မည်မျှအတိုင်းအတာအထိ နှင်းဆီနက်ကို သူမက်မောလဲဆိုလျှင် နှင်းဆီနက်ကို သူတစ်ဦးတည်းပိုင် အိုမီဂါဖြစ်စေချင်သည်အထိပင်။

သူ့ရွေးချယ်မှုမမှားကြောင်း သိရဖို့က တစ်ခုတည်းရှိသည်။ သူ့ညီမကို နှင်းဆီနက်ရှာတွေ့တဲ့အခါ။ သည်အလုပ်ကို ကင်မ်မိသားစုဘက်က အင်အားသုံးလို့ မဖြစ်တာကြောင့်မို့ သည်နှစ်ယောက်ကို ဂယူဘင်းလိုအပ်သည်။ သေချာသည့်အရာတစ်ခုကတော့ ဒီနေ့ ချွမ်းရွေ့နှင့် ကျန်းဟာအို ကင်မ်အိမ်တော်ကနေ ပြန်နိုင်တော့မည် မဟုတ်ချေ။

ဂယူဘင်းက သူ့ရဲ့ ဖယ်ရိုမုန်းဖြစ်သည့် ဝိုင်ရနံ့ကို ကားထဲ ထုတ်လွှတ်လိုက်သည့်အခါ ပိုမိုတင်းမာသွားသည့် ချွမ်းရွေ့၏ မျက်နှာက သိပ်လှလွန်း၏။

"အဲ့တာကြောင့်လေ အယ်လ်ဖာတွေကို သိပ်မုန်းတာပဲ"

ချွမ်းရွေ့ရဲ့ နှင်းဆီနက် ရနံ့နဲ့ ဂယူဘင်းရဲ့ ဝိုင်နီ ရနံ့တို့ ရောယှက်သွားသည့်အခါ နှစ်ယောက်လုံး အံ့ဩသွားရသည်က ဖယ်ရိုမုန်းရနံတွေ၏ လိုက်ဖက်ညီနေမှုကိုပင်။

Beyond The Hidden Castle WallsWhere stories live. Discover now