Beyond The Hidden Castle Walls - 5
Trigger Warning!
mature on ထားတယ်ဆိုတာ adult scene တစ်ခုတည်းအတွက်မဟုတ်ဘဲ အခြားသော အနိဌာရုံ အချင်းအရာတွေလည်း ပါဝင်နေတဲ့ အတွက်ကြောင့်ပါ။
အမဲလိုက်တော။
ကင်မ်ယွန်းယောင်း မျက်လုံးဖွင့်လိုက်တော့ လွန်ခဲ့တဲ့တစ်လလုံး တူညီနေတဲ့ သည်မျက်နှာကြက်ကိုပဲ ထပ်တွေ့လိုက်ရပြန်သည်။ သူ့ဘေးမှာ ရှိနေသည့် အမျိုးသမီးကတော့ ရွေးကောက်ပွဲမှာ အနိုင်ရရှိထားသည့် အမျိုးသမီး အိုမီဂါ။
အရင်က ဘေးအခန်း အမျိုးသား အိုမီဂါ တစ်ဦးရှိခဲ့ဖူးသည်။ ထွက်ပြေးဖို့ ကြိုးစား၍ အသတ်ခံလိုက်ရခြင်း ဖြစ်သည်။ ထိုအမျိုးသားကို အဖမ်းခံထားရသူတွေ အားလုံးရှေ့တွင် ရဲတိုက်ရှိ အယ်လ်ဖာ၊ ဘီတာ အလုပ်သမား အားလုံးက ဝိုင်း၍ အဓမ္မပြုကျင့်ပြီးမှ ရက်ရက်စက်စက် သတ်ခဲ့ကြတာဖြစ်သည်။ ဒါကြောင့်လည်း သူတို့အားလုံး ထွက်ပြေးဖို့ မကြိုးစားတော့တာပင်။
သူတို့နှစ်ယောက်က သည်နေရာရဲ့ ကြေးမြင့်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်တဲ့အတွက် အခုလိုမျိုး အခန်းတစ်ခုမှာ ထိန်းသိမ်းထားခြင်း ခံရတာဖြစ်သည်။
သည်နေရာတွင် အိုမီဂါတွေကို ထိန်းသိမ်းသည့် အဆင့်လေးဆင့်ရှိသည်။
ကင်မ်ယွန်းယောင်း၊ ကင်မ်အိမ်တော်၏ ဒုတိယသခင်မလေးနှင့် အီချယ်ဟာ၊ လက်ရှိ အိုမီဂါ အမျိုးသမီး သမ္မတ တို့ကတော့ ပထမအဆင့် အမြင့်ဆုံးဖြစ်သည်။ ထို့အတွက်ကြောင့် ရဲတိုက်၏ အမြင့်ဆုံး အထပ်တွင် အထားခံရတာ ဖြစ်သည်။
ဒါပေမဲ့ ပြတင်းပေါက်တွေကိုတော့ အသေပိတ်ထား၏။ အစားအစာတွေ၊ အဝတ်အထည်တွေ၊ လိုအပ်သမျှ အကုန် ပို့ပေးလေ့ရှိသည်။ အကျယ်ချုပ်သဘောမျိုး ဖြစ်သည့်အတွက် အပေါ်တစ်ထပ်လုံးတွင် သူတို့ စိတ်ကြိုက် သွားလာနိုင်သည်။ အောက်ထပ်ကိုတော့ ဆင်းခွင့်မရှိ။
ဒုတိယအဆင့်ကတော့ ပိုက်ဆံချမ်းသာသည့် မိသားစုတွေ၏ သားသမီး အိုမီဂါတွေဖြစ်သည်။ ထိုထဲက မိသားစု အများစုမှာ ချွဲမိသားစုလက်အောက်သို့ မဝင်ဘဲ ကင်မ်မိသားစု လက်အောက်သို့ ဝင်ထားကြသည့် မိသားစုတွေပင် ဖြစ်သည်။
![](https://img.wattpad.com/cover/358464559-288-k715834.jpg)
YOU ARE READING
Beyond The Hidden Castle Walls
Fanfictionရဲတိုက် နံရံအလွန်က လျှို့ဝှက်ချက်များ။ warning : mature on read at ur own risk :p