'6'

561 68 6
                                    

Beyond The Hidden Castle Walls - 6

ချွမ်းရွေ့ နိုးလာတဲ့အချိန်မှာ ဆိုဖာပေါ်မှာ မဟုတ်တော့ သူ့အခန်းထဲက အိပ်ရာပေါ် ရောက်နေသည်မို့ ရုတ်တရက် လန့်သွားရသည်။ ခန္ဓာကိုယ်မှာ မည်သည့် အပြောင်းအလဲမှ မရှိတာ သေချာမှ သက်ပြင်းချနိုင်သည်။

"ချွမ်းရွေ့...သတိရပြီလား..."

"ကော..."

"ဘာဖြစ်ခဲ့ကြတာလဲ...ပြန်ရောက်တော့ တံခါးဖွင့်ဖွင့်ချင်း ဝိုင်နံ့တွေ လှိုင်လှိုင်ထနေပြီး ချွမ်းရွေ့က ဆိုဖာပေါ်မှာ သတိလစ်နေတာ..."

"ကျွန်တော်က Dominant မဟုတ်ဘူးလား ဘာလို့ မတွန်းလှန်နိုင်တာလဲ..."

"ကင်မ်အကြီးအကဲ...ဒီကိုရောက်လာတာလား...ဒီနေရာကိုလေ....ရှာတွေ့သွားတာလား..."

ချွမ်းရွေ့က ခေါင်းညိတ်လိုက်သည်။ ကျန်းဟာအို သက်ပြင်းချသည်။

"ဘာတွေ ဖြစ်ခဲ့တာလဲ"

"ကျွန်တော် ဘာလို့ သူ့အယ်လ်ဖာ ဖယ်ရိုမုန်းကို ခုခံလို့မရတာလဲ..."

ကျန်းဟာအို သက်ပြင်းချလိုက်သည်။

"မင်းမှာ...မိတ်ရဲ့ ဖယ်ရိုမုန်းကို သိမ်းထားနိုင်တဲ့ အရည်အချင်းရှိတာ သိတယ်မလား..."

ချွမ်းရွေ့က ခေါင်းညိတ်လိုက်သည်။

"အဲ့အရည်အချင်းရှိတဲ့ Dominant omega တွေရဲ့ ဖယ်ရိုမုန်းကနေ dominant omega တွေကို heat ဖြစ်စေတဲ့ ဆေးကို ထုတ်လို့ရတယ်...ကိုယ်တို့အတွက် သာမန် heat ဖြစ်စေတဲ့ ဆေးက သက်ရောက်မှု နည်းတယ် ဒါပေမဲ့ အဲ့ဆေးနဲ့ဆိုရင် ကိုယ်တို့တွေလည်း မခုခံနိုင်ဘူး...သူက ဖျန်းဆေးပဲ ထုတ်လုပ်နိုင်သေးတာ"

"ကျွန်တော်တို့က ငါးကြင်းဆီနဲ့ ငါးကြင်းပြန်ကြော်တာမျိုး ကြုံနေရတာလား"

"ငါတို့ ငယ်ငယ်က ဖမ်းခေါ်ခံရဖူးတယ်...မှတ်မိလား..."

ချွမ်းရွေ့ ခေါင်းညိတ်သည်။ ဘာစကားမှ ဝင်မပြောဘဲ ကျန်းဟာအို ပြောတာကိုသာ ဆက်နားထောင်နေသည်။

"ငါတို့ ဘယ်သူမှ မပြောဖို့ တွေးခဲ့ကြပေမဲ့ အဲ့ဆေးရဲ့ ပထမဆုံး စမ်းသပ်မှု အောင်မြင်သွားတာ မင်းဖယ်ရိုမုန်းကြောင့်...မင်းက ဆေးထုတ်ဖို့ အသုံးချခံရပြီး ငါကအဲ့ဆေးရဲ့ အစမ်းသပ်ခံသဘောဖြစ်ခဲ့တာ"

Beyond The Hidden Castle WallsWhere stories live. Discover now