'8'

440 59 4
                                    

Beyond The Hidden Castle Walls - 8

သုံးရက်နီးပါး အိပ်ရာထဲမှာ တစ်ပူးပူး တစ်တွဲတွဲ အနေအထားအမျိုးမျိုးကို ကျော်ဖြတ်ပြီးနောက်တော့ ချွမ်းရွေ့က အစာဝသွားတဲ့ ကြောင်လေး တစ်ကောင်လို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့၏။

ဂယူဘင်းကတော့ မျက်စိရှေ့က အလှတရားလေးကို သည်အတိုင်းသာ ကြည့်နေဖြစ်သည်။ သူ့အပိုင်ပဲ ဖြစ်နေအောင် ဘာလုပ်ထားသင့်လဲ။ ချွဲအိမ်တော်လို ကျွန်းတစ်ကျွန်းမှာ ရဲတိုက်ဆောက်ပြီးပဲ သိမ်းထားလိုက်ရမလားလေ။

"အဲဒီမျက်လုံးတွေနဲ့ ဆက်ကြည့်နေသေးရင် ဖောက်ထုတ်ပစ်မိတော့မယ်"

"သုံးပြီး လွှတ်ပစ်တယ်ပေါ့...သိပ်ရက်စက်တာပဲ..."

"နောက် heat တွေအတွက် အသုံးဝင်နေသေးတာပဲ လွှတ်ပစ်လိုက်လို့ ဘယ်ဖြစ်ပါ့မလဲ..."

ဆွဲဆောင်နေသေးတဲ့ မျက်ဝန်းတွေနဲ့ စကားဆိုလာတဲ့ ချွမ်းရွေ့ ကြောင့် ဂယူဘင်းကတော့ နောက်တစ်ကြိမ်လောက် ထပ်ပြီး သူ့အောက်မှာ ဖိသိပ်ထားချင်တဲ့ စိတ်ဖြစ်လာရတော့တာပါပဲ။

ချွမ်းရွေ့က တစ်ဖက်လှည့်သွားတော့ ကျောပြင်သွယ်သွယ်လေးက အထင်းသား။ ထို့အပြင် ဂယူဘင်း ပေးထားသည့် ယာယီအမှတ်အသားက ချွမ်းရွေ့ရဲ့ ဆံစတွေကြားမှာ ပုန်းလျှိုးကွယ်လျှိုး။

ဂယူဘင်းက သဘောကျစွာနှင့် အနောက်က သိုင်းဖက်ရင်း ထိုအမှတ်အသားကိုလည်း ဖွဖွလေး ထိတွေ့ နမ်းရှိုက်လိုက်သည်။ သည်ချွမ်းရွေ့က သူလှတာကို သူအသေအချာသိသည်။ ထို့ကြောင့်လည်း ထိုအလှကို အသုံးချသည်။

"အချိန်ဘယ်လောက်ရသေးလဲ..."

"နောက်တစ်ချီစမယ်ဆိုရင်တောင် မှီသေးတယ်..."

ချွမ်းရွေ့က ရယ်သည်။

"ဒါပေမဲ့ အကာအကွယ်မရှိတော့ဘူး အဲ့တာကြောင့် မလုပ်နဲ့တော့...ခဏဆက်အိပ်ဦးမယ်"

ချွမ်းရွေ့က စိတ်ချလက်ချ ဖြစ်နေသည့် ပုံစံလေးနှင့် ဂယူဘင်း လက်မောင်းပေါ် ခေါင်းအုံးအိပ်နေသည့်အခါ ကြောင်အအ ကျန်ခဲ့ရတာ ဂယူဘင်းပါပဲ။

နှင်းဆီနက် မာယာသုံးတော့ တစ်မိုးအောက် နှစ်ချို့ဝိုင်ကတောင် အရှုံးပေးရတယ်တဲ့လေ။

Beyond The Hidden Castle WallsWhere stories live. Discover now