'12'

274 44 4
                                    

Beyond The Hidden Castle Walls - 12

ဥဩဆွဲသံ တစ်ခုပေါ်လာတဲ့အခါမှာ ချွမ်းရွေ့တို့လည်း အလန့်တကြားဖြစ်သွားရပြန်သည်။

"အဲ့တာ အိုမီဂါတစ်ယောက်ယောက်ကို ဖမ်းမိသွားပြီဆိုတဲ့ အချက်ပေးသံပဲ..."

အိုမီဂါတွေထဲက တစ်ယောက်က ရှင်းပြသည့်အခါ ချွမ်းရွေ့တို့မှာ စိတ်မကောင်းဖြစ်ရုံမှ အပ။

"ချွမ်းရွေ့ ငါတို့ အကုန်လုံးကို ကယ်တင်နိုင်မှာ မဟုတ်ဘူး...ဆက်သွားနေမှဖြစ်မယ်..."

"ကျွန်တော်တို့ ဒီလိုမျိုး အုပ်စုအတိုင်း ဆက်နေနေရင် ပိုအန္တရာယ်များတယ်..."

"ရှန်ချွမ်းရွေ့ ငါဒီကို အရဲစွန့်ပြီး လိုက်လာတာ မင်းအတွက်နော်...အောင်မြင်နိုင်ချေ မရှိတဲ့ မသေချာ မရေရာတာကို မင်းမို့လို့ တိုးဝင်ရဲတယ်..."

ချွမ်းရွေ့ စကားပြန်ပြောဖို့ ပြင်လိုက်ချိန်မှာပဲ ဟေးလားဝါးလား ရယ်သံတွေနှင့် အယ်လ်ဖာ တစ်အုပ်ရောက်လာတော့၏။ လူအရေအတွက် အရတော့ ၁၀ ယောက်။ ချွမ်းရွေ့တို့ နှစ်ယောက်ကို ထည့်မတွက်ရင်တောင်မှ လူအင်အားချင်းယှဉ်လျှင် အိုမီဂါအုပ်စုက ပိုများသည်။

"yooo ငါတို့တော့ အိုမီဂါ အုပ်စုတစ်ခုရသွားပြီဟေ့..."

"သားကြီးတို့ အညီအမျှယူရ...အား..."

ထိုလူ၏ ခြေထောက်ကို မြှားတစ်စင်း စိုက်ဝင်သွားခြင်း ဖြစ်သည်။ ပစ်လိုက်သူက အိုမီဂါတစ်ဦး။ တုံ့ဆိုင်းခြင်းမရှိဘဲ နောက်ထပ် မြားတစ်စင်းကို ပစ်လွှတ်လိုက်ပြီး ထိုအယ်လ်ဖာ၏ လည်တိုင်ကို ဖောက်ထွင်းစေလိုက်သည်။ အခြားအိုမီဂါတွေကလည်း လက်နက်ကိုယ်စီနှင့် ဝိုင်းထား၏။ ဖယ်ရိုမုန်းတွေနှင့် မတိုက်ခိုက်သ၍ ချွမ်းရွေ့တို့ နိုင်ချေ အပြည့်အဝ။

"ဟေ့...အားနည်းသူတွေမို့လို့ ထောက်ထားပေးနေတာကို မျက်နှာအိုးမည်း သုတ်တယ်ပေါ့"

ထိုလူတွေက အယ်လ်ဖာ ဖယ်ရိုမုန်းတွေကို စတင်အသုံးချကြသည်။ အိုမီဂါတွေက သတ်နိုင်သလောက် သတ်ပစ်မည်ဆိုသော စိတ်ရှိပုံရသည်။ သေနတ်ရထားသည့် အိုမီဂါတစ်ဦးက ကျည်ကုန်သည်အထိ သေနတ်ကို ဆက်တိုက်ပစ်သည်။ သူ့လက်တွေက တုန်ရီနေသည်မို့လို့ ရှစ်ချက်မှာ သုံးချက်တော့ အယ်ဖာတွေကို သေစေနိုင်လောက်တဲ့ အထိ မထိမှန်ခဲ့။ ဒါပေမဲ့ ကျန်သည့် ငါးချက်ကတော့ အယ်ဖာငါးယောက်။

Beyond The Hidden Castle WallsWhere stories live. Discover now