part.1 (Unicode)

22.4K 532 11
                                    

အင်းစိန်အကျဥ်းထောင်

နောက်တစ်ကြိမ်ပြန်ရောက်လာစရာအကြောင်းမရှိတဲ့ဒီနေရာ။ နက္ခတ်လှည့်တောင်မကြည့်ချင်မိတဲ့အထိပင်။ ထောင်ဆိုတဲ့အရာ သူဘယ်ဘဝကဘယ်လိုချုပ်နှောင်ခဲ့ဖူးတယ်မသိ။ ဒီဘဝမှာသူပြန်လည်ချုပ်နှောင်ခံခဲ့ရတာ ( ၁၂ )နှစ်ဆိုတဲ့အချိန်ကာလပင်။ သူ့ရဲ့ဘဝသက်တမ်းတဝက်က ဒီထောင်ထဲမှာကုန်ဆုံးခဲ့ရပြီမဟုတ်လား။ နက္ခတ်စိတ်လက်ပေါ့ပါးသွားပေမယ့် သူ့ဘဝကအခုတစ်ကနေပြန်စရတော့မည်။ ဘယ်အရာကိုစရမှန်းမသိ ဘယ်ကိုသွားလို့သွားရလာရမှန်းလဲမသိတော့တဲ့အခြေအနေပင်။ ရှေ့ဦးတည့်ရာထွက်လာမိတဲ့သူ။

နွေရာသီ၏ပူပြင်းမှု့က လူကိုပိုပြီးပျင်းရိစေသည်။ နက္ခတစ်ယောက်လမ်းမထက်က အပစ်မရှိတဲ့ကျောက်ခဲလေးတစ်လုံးကိုကန်ကျောက်လိုက်မိတယ်။ ရောက်တက်ရာရာကိုဦးတည်လို့လျှောက်သွားမိခဲ့တယ်။ ဘာလို့လဲဆိုတော့ သူ့မှာပြန်စရာအိမ်လဲမရှိတာကြောင့်ဖြစ်သည်။ အခုတော့သူကတစ်ကောင်ကြွက်ပေါ့လေ။ ပြန်စရာအိမ်မရှိတဲ့သူဟာ ဘယ်ကိုသွားလို့ ဘယ်ကိုလာရမှန်းမသိအောင်ကို လမ်းပျောက်လို့နေတာ။

ဟူး....

နက္ခတစ်ယောက်သက်ပြင်းမောတစ်ခုကိုသာချလိုက်မိတယ်။ လမ်းလျှောက်လာရင်း လမ်းသွယ်တစ်ခုထဲသို့ချိုးဝင်လိုက်တယ်ဆိုရင်ပဲ ထမင်းဆိုင်တစ်ဆိုင်ကိုတွေ့ရသည်။ လမ်းလျှောရ်လာခဲ့ရတာလဲ အချိန်အတော်ကြာပြီမို့ ဗိုက်ကလဲအချက်ပြလို့ ဆာလောင်နေကြောင်းကိုပြောနေပြီလေ။ ရေသန့်တစ်ဘူးကိုလက်ကကိုင်ကာ မောလျှင်ရေသောက်၊ ဗိုက်ဆာလျှင်ရေသောက်နဲ့မို့ လက်ထဲကရေသန့်ဘူးလေးဟာလဲ လက်ကျန်ရေအနည်းငယ်တောင်မရှိတော့ပါ။ ဒီရေသန့်ဘူးလေးတောင် ထောင်ကအထွက် လမ်းမနားကနေတွေ့လို့ ဝယ်လာလို့သောက်ရတာ။

ဟုတ်ပါတယ်ခင်ဗျားတို့တွေးနေသလိုပါပဲ။ ကျုပ်ကထောင်ထွက်တစ်ယောက်။ ထောင်ထွက်မှ လတ်လတ်ဆက်ဆက်ထောင်ထွက်တစ်ယောက်ပါ။ အခုမနက်မှလွတ်လာတဲ့သူလေ။

" ထမင်းတစ်ပွဲချပေးပါ။ ဟင်းကတော့အဆင်ပြေရာပေါ့။ "

ထိုအချိန်နောက်ထဲကနေ ကောင်လေးတစ်ယောက်ပြေးထွက်လာခဲ့တယ်။

ကျွန်တော့်နှလုံးသားထက်မှာ လိပ်ပြာလေးတစ်ကောင်ခိုနားနေသည်။ (Complete) Where stories live. Discover now