Part.11 (Unicode)

4.6K 194 3
                                    

" ဟယ်...တကယ်လား။ ငါတို့ရဲ့လူပျိုကြီးက အိမ်ထောင်ပြုတော့မယ်ဟုတ်လား။ "

" မောင်နက္ခတ်တကယ်ပဲလား။ "

" ဒို့လူပျိုကြီးတကယ်လက်ထပ်တော့မှာလား။ ဘယ်သူနဲ့လဲ။ ဒီရပ်ကွက်ကကောင်မလေးလား။ အခြားရပ်ကွက်ကကောင်မလေးလား။ "

ဒေါ်ခင်မြရုံသာမက ဦးလူဝနဲ့အတူအလုပ်အတူတူလုပ်ကျတဲ့ အပေါင်းအသင်းမိတ်ဆွေတွေကပါ လက်ထပ်မယ်ဆိုတဲ့စကားကိုကြားရတော့ အံ့သြသွားကုန်ကြသည်။ အားလုံးအံ့သြလဲအံ့သြကြမှာပဲလေ သူကိုယ်တိုင်ကလဲ ရည်းစားဘာညာရယ်လို့ရှိတယ်ဆိုတာမရှိတာကို။ ထူးဆန်းတဲ့လူကိုမြင်ရသလို စိုက်ကြည့်ကာမေးလာတဲ့သူတွေအားလုံးကို နက္ခတ်ပြုံးကာခေါင်းညိတ်ပြလိုက်တယ်။

" ဘယ်ရပ်ကွက်ကမိန်းကလေးမှမဟုတ်ပါဘူး။ ကျွန်တော့်အိမ်ကညီမင်းယံကိုပါ။ "

" ဟေ...တကယ်လားကွ။ "

ဦးလူးဝရဲ့မျက်လုံးတွေက သူ့စကားကြောင့်အလွန်အမင်အံ့သြသွားပုံရသည်။ ရှေ့ကိုပြူးထွက်လာတဲ့မျက်လုံးတစ်စုံဟာ တစ်ထောင်လောက်ရှိမည်ထင်။

" ဟယ် တကယ်ပေါ့။ အမလေး တော်သေးတာပေါ့နက္ခတ်ရယ်။ ငါ့မှာမင်းပြောလိုက်တော့ ယံယံလေးအတွက်စိတ်မကောင်းဖြစ်နေတာ။ အခုမှပဲယံယံလေးအတွက်စိတ်အေးရတော့တယ်။ "

ဒေါ်လေးခင်မြရုံကရင်ဘတ်ကို လက်နဲ့ဖိကာညီမင်းယံအတွက် စိတ်အေးသွားတဲ့ပုံစံ။ အားလုံးကိုအပြုံးလေးတစ်ခုနဲ့သာ နက္ခတ်တုံပြန်အဖြေပေးမိသည်။

" ဒီလိုဆိုရင်တော့ ငါတို့အဖွဲ့ကြီးကမင်္ဂလာလက်ဖွဲ့နဲ့အတူ မင်္ဂလာပွဲမှာပျော်ကြရအုံးမှာပေါ့။ "

အားလုံးဟာတက်ကြွစွာနဲ့ပြောနေကြသည်။

" အေးလေ။ ဘဝမှာယောကျ်ားတစ်ယောက်က မိန်းမတစ်ယောက်ကိုပဲလက်ထပ်ထားရမယ်လို့ သတ်မှတ်ထားပေမယ့် အချစ်ဆိုတဲ့အရာက မိန်းမယောကျ်ားခွဲခြားထားလို့မှမရတာကို။ ယောကျ်ားတစ်ယောက်ကအခြားယောကျ်ားတစ်ယောက်ကိုချစ်ခင်စုံမက်လို့ရတာပဲလေ။ အန်တီကတော့ကျေနပ်တယ်။ ဒါ့ကြောင့်ပတ်ဝန်းကျင်ကရိုက်ခတ်လာမယ်ဒဏ်တွေကိုတော့ နှစ်ယောက်သားကြံကြံခံနိုင်ဖို့တော့လိုမယ်။ "

ကျွန်တော့်နှလုံးသားထက်မှာ လိပ်ပြာလေးတစ်ကောင်ခိုနားနေသည်။ (Complete) Where stories live. Discover now