Part.4 (Unicode)

5.7K 236 2
                                    

ကလေးငယ်တွေရဲ့စာအံသံကို နက္ခတ်နားစိုက်ထောင်နေမိသည်။ ပျော်ရွှင်စွာစာသင်နေတဲ့ကလေးတွေကိုကြည့်ပြီး နက္ခတ်အိမ်ကိုတောင်လွမ်းလာမိသည်။ တစ်ချိန်တုန်းကသူလဲ ကလေးငယ်တွေကိုစာင်ပေးခဲ့ဖူးတယ်မဟုတ်လား။ နယ်မြို့လေးတစ်ခုရဲ့ဆင်ခြေဖုံးရပ်ကွက်ငယ်လေးတွေမှာ ပညာချို့တဲ့,တဲ့ကလေးငယ်တွေကို နက္ခတ်ခေါ်ယူကာ စာပညာဒါနအဖြစ်လုပ်ကိုင်ပေးခဲ့သည်။ ထိုနေ့ရက်တွေကဘယ်လောက်တောင်ပျော်စရာကောင်းခဲ့တဲ့နေ့ရက်တွေပါလဲ။ အိမ်ပြန်ရောက်ရင်တောင် မေမေကမငြူစူတဲ့အပြင် ဝမ်းသာပီတိမျက်နာနဲ့ သူ့ကိုလှိုက်လှဲစွာနွေးထွေးပေးခဲ့သည်။ ဆွေမျိုးတွေပြောသလို ဂြိုလ်ဆိုးလေးမဟုတ်ဘဲ မိဘကအားကိုးရတဲ့သားလိမ္မာလေးတစ်ယောက်ဆိုတာကိုပြချင်တဲ့စိတ်ကြောင့် နက္ခတ်အများကြီးကြိုးစားခဲ့ရတာမလား။

တစ်ချိန်ကပျော်စရာတွေဟာ ထိုအရာကြောင့်ပဲပျက်စီးကုန်ရသည်။ ပတ်ဝန်းကျင်မှာလဲ အမြဲတမ်းအရှက်ရစေတဲ့အပြင် သူ့ဘဝအတွက်အမည်းစက်ကစွန်းထင်းခဲ့ရပြီလေ။

ထိုအကြောင်းအရာကိုတွေးမိလေတိုင်း နက္ခတ်မှားခံပြင်းကာဒေါသထွက်လာမိတယ်။

" တောက်..."

ဒေါသကြောင့် တောက်တစ်ချက်ခပ်ပြင်းပြင်းခတ်လိုက်မိတယ်။

ညီမင်းယံတောက်ခေါက်သံကြောင့်လန့်သွားရသည်။ ကလေးတွေကိုစာသင်နေရင်းက မောလာလို့ရေသောက်ရန် သောက်ရေအိုးစင်နားအရောက် ဒေါသထွက်နေတဲ့အကို့ကိုတွေ့ရသည်။
အကို့မျက်ဝန်းတွေက ဒေါသကြောင့် မီးခဲပမာရဲတောက်လို့နေသည်။ နဂိုတည်တင်းနေတဲ့မျက်နာဟာ ဒေါသကြောင်ပိုပြီးခက်ထန်မာကြောလို့နေတာကိုတွေ့ရသည်။ အလိုမကျမှု့ကြောင့် တွန့်ချိုးထားတဲ့မျက်ခုံး။

" ဘာလုပ်တာလဲမင်းက "

ရုတ်တရက်အနားရောက်လာပြီး သူ့ရဲ့မျက်ခုံးနှစ်ဖက်ကို လက်မနဲ့ဖိသပ်ပေးလာတဲ့ လူကြောင့်နက္ခတ်မှားနောက်ကိုငဲ့စောင်းကာ တခြားသူ၏လက်တို့ကို ဖျတ်ခနဲပိတ်ရိုက်လိုက်တယ်။

" အ့" နာကျင်မှု့ကြောင့် ညီမင်းယံအော်ညီးမိလိုက်တယ်။ နောက်ပြီးအရမ်းကိုလန့်သွားတယ်။ သူ့ကိုဝါးစားမတက်ကြည့်နေတဲ့ သူ့ရှေ့ကလူကြောင့် အရမ်းကိုကြောက်ရွံ့နေမိတာ။

ကျွန်တော့်နှလုံးသားထက်မှာ လိပ်ပြာလေးတစ်ကောင်ခိုနားနေသည်။ (Complete) Where stories live. Discover now