Part.3 (Unicode)

6.2K 278 3
                                    

နေ့လည်လောက်ရောက်တော့ နက္ခတ်တစ်ယောက် ဦးဇင်းကြီးရဲ့သူငယ်ချင်းရှိရာ ဟိုဘက်ရပ်ကွက်ကိုသွားရသည်။ နက္ခတ်တစ်ယောက် အလုပ်မရမှာကိုအနည်းငယ်စိတ်ပူမိသည်။ စိတ်လှုပ်ရှားမှု့တို့ကြောင့် လက်ဖဝါးကချွေးစေးများပင်ထွက်လို့နေသည်။ ဒီဖက်ရပ်ကွက်နဲ့ဟိုဘက်ရပ်ကွက် အတော်လေးလှမ်းသည်။ ပုံမှန်ဆိုသူဆိုက်ကားစီးသွားချင်ပေမယ့် အသုံးစရိတ်ချွေတာရမည်။ အလုပ်မရသေးခင်အချိန်ထိတော့ သူချွေတာနေရအုံးမည်။

လမ်းတစ်ဖက်မကူးခင်အချိန်မှာ နက္ခတ်မျက်ထောင့်စွန်းနာက အရိပ်တချို့ကိုမြင်မိသည်။ နက္ခတ်အမှတ်မထင်ကြည့်မိတော့ လူသုံးသောက်ကဝိုင်းထားတာကိုတွေ့ရသည်။ နောက်တစ်ယောက်ကတော့ သေးကွေးတဲ့ကောင်လေးတစ်ယောက်။ အသက်အရွယ်ကွာဟချက်ရယ် လူကောင်သေးတာရယ်ကြောင့်ထင်သည်။ ကောင်လေးကခေါင်းငုံ့နေသည်။

" ဟေ့ အခြောက်ကလေး။ မင်းလက်ထဲကပိုက်ဆံတွေငါတို့ကိုပေးစမ်း။ ငါတို့အရက်သောက်ချင်လို့။ "

" မလုပ်ပါနဲ့အကိုတို့ရာ။ ဒီပိုက်ဆံက ကျွန်တော့်အဒေါ်စျေးဝယ်ခိုင်းတဲ့ပိုက်ဆံပါ။ ကျွန်တော့်မှာငါးရာတော့ပါတယ်။ အကိုတို့ယူသွားပါ့လား။ "

" ဟေ့ကောင် မင်းကငါတို့ကိုသတောင်းစားများမှတ်နေလား။ မင်းငါးရာကအရက်တစ်လုံးဖိုးတောင်မရှိဘူး။ မင်းလက်ထဲကပိုက်ဆံအကုန်ပေး။ "

အနည်းငယ်ထွားကြိုင်တဲ့ကောင်တစ်ကောင်က ကောင်လေးအိင်္ကျီကိုဆွဲကိုင်ကာ နောက်သို့တွန်းလိုက်တယ်။ ကောင်လေးကကြောက်ကြောက်လန့်လန့်နဲ့ရုန်းကန်ရင်း ကောင်လေးကျောဟာ နံရံနဲ့ထိကပ်လို့သွားတော့သည်။ အင်အားခြင်းမမျှတာမို့ လူထွားကြီးလက်ထဲမှာ ကောင်လေးဟာလိပ်တစ်ကောင်လို ယက်ကန်နေသည်။

" မင်းဆီကမိုက်ကြေးခွဲနေတာကွ။ တောင်းစားနေတာမဟုတ်ဘူး။ "

" တကယ်ပေးလို့မရလို့ပါအကိုရာ။ ဒီပိုက်ဆံတွေကိုပေးလိုက်ရင် အဒေါ်ကကျွန်တော့်ကိုအသေသတ်မီာ။ ဟိုနေ့ကလဲ ကျွန်တော့ဆီကအကိုတို့ယူသွားသေးတာပဲ။ ဒီတစ်ခါတော့လွှတ်ပေးပါဗျာ။ "

ကျွန်တော့်နှလုံးသားထက်မှာ လိပ်ပြာလေးတစ်ကောင်ခိုနားနေသည်။ (Complete) Where stories live. Discover now