ဇာတ်သိမ်းပိုင်း (Unicode)

5.4K 163 14
                                    

" တီ တီ "

" ဝုန်း "

" အား...သေပါပြီဗျာ။ "

ဆိုင်ကယ်ဟွန်းတီးသံ။ စက်ဘီးမှောက်သံနဲ့ နာလို့ညီးသံတွေကမှောင်စပြုနေတဲ့ညနေပိုင်းမှာ ဆူညံလို့သွားတော့သည်။ လမ်းကွေ့ကနေရုတ်တရက်ထွက်လာတဲ့စက်ဘီးတစ်စင်းကြောင့် တိမ်ညိုမင်းတစ်ယောက်ဆိုင်ကယ်လက်ကိုင်ကို လမ်းတဖက်ကိုထိုးကွေ့လိုက်တာမို့ စက်ဘီးသမားကိုမတိုက်မိပေမယ့် အရှိန်အနည်းငယ်ပါတာကြောင့် ဆိုင်ကယ်နဲ့အတူတိမ်ညိုမင်းပါလဲကျသွားရသည်။ သူ့လိုပါပဲတစ်ဖက်လူဟာလဲ စက်ဘီးမှောက်ကာနာကျင်လို့အော်ညီးသံကိုပါကြားရသည်။

တိမ်ညိုမင်းတစ်ယောက်လဲကျသွားတာကထကာ ဆိုင်ကယ်ကိုအရင်မထူနိုင်။ စက်ဘီးနဲ့လဲကျသွားတဲ့ကောင်လေးဆီကို အရင်ပြေးထူရသည်။

" ခင်ဗျားဆိုင်ကယ်မမောင်းတက်ဘူးလား။ လူတစ်ယောက်လုံးမမြင်တောင် စက်ဘီးကိုတော့မြင်ရမယ်လေဗျာ။ "

တိမ်ညိုမင်းကမ်းပေးတဲ့လက်ကို ဖယ်ထုတ်ပြီးထလာတဲ့ရှေ့ကကောင်ရဲ့စကားလုံးတို့ကရင့်သီးစွာထွက်ပေါ်လာ၏။ တိမ်ညိုမင်းလဲရှေ့ကကောင်ကို မျက်ထောင့်နီနဲ့ကြည့်ပြီး

" ငါ့အမှားမဟုတ်ဘူး မင်းအမှား။ ဘယ်နဲ့စက်ဘီးကိုပေါက်လို့ပဲစားစီးပြီး တစ်ဖက်လူကိုမိုက်ရိုင်းနေတဲ့မင်းအပြစ်။ "

" ဟာ...လူကိုအရိုင်းအစိုင်းလို့ပြောတာလားခင်ဗျားက။ "

" မင်းကိုမင်းသိပေါ့။ မင်းဘာမှမဖြစ်ဘူးမလား။ ဒါဆိုငါသွားပြီ။

အလကားအကုသိုလ်လာပေးနေတဲ့ကောင်။ "

" ဟေ့လူ ခင်ဗျားဘာစကားပြောတာလဲ။ "

တိမ်ညိုမင်းတစ်ဖက်လူကိုကြည့်မိတော့ လူကောင်ကဗလန် မလောက်လေးမလောက်စားနဲ့လူကိုလာဟောက်နေတဲ့ကောင်ကို ကြည့်မရလို့ဘုတောလိုက်တော့ ရှေ့ကကောင်ရဲ့မကျေမနပ်နှာမှုတ်သံပြင်းကိုကြားရသည်။ တိမ်ညိုမင်းကိုဒီလိုလာပြောလို့ရမလား ဝေးသေး။ လူကြည့်တော့သွေးစုပ်ဖုတ်ကောင်လိုဖြူဖတ်နေတဲ့ကောင်။

" မင်းကြားတဲ့အတိုင်းပဲ။ "

" ခင်ဗျား မိုက်ရိုင်းလှချေလား။ "

ကျွန်တော့်နှလုံးသားထက်မှာ လိပ်ပြာလေးတစ်ကောင်ခိုနားနေသည်။ (Complete) Where stories live. Discover now