Part.14 (Unicode)

4.4K 169 5
                                    

" ကောင်လေးအိပ်ချင်ရင် အိပ်နော်။ ဟိုကိုရောက်ရင် ကိုယ်နိုးမယ်။ "

မနက်အစောကြီးအိပ်ယာထရတဲ့ကောင်လေးအိပ်ရေးမဝမှာကို စိုးရိမ်ကာ နက္ခတ်မေးမိသည်။ ကောင်လေးကကျောင်းစာတွေလုပ်လာတာ ပင်ပန်းတယ်မလား။ ဒါ့ကြောင့်မလိုက်ခဲ့နဲ့လိုပြောတော့ စိတ်ကောက်နေတာမို့ သူလဲခေါ်လာရတော့တာ။

နက္ခတ်အလုပ်က်ိုတော့ ခွင့်ယူထားရသည်။ ဦးလူဝတို့လင်မယားနှစ်ယောက်ကလဲ သူ့အပေါ်အလွန်ကောင်းသည်။ သူကဘာဆိုလျှင် နောက်ဆံမတင်းဖို့သာ အကြိမ်ကြိမ်သတိပေးသည်။ တကယ်လို့ အဆင်ပြေရင်တောင် မေမေ့ကိုရန်ကုန်မှာဆေးကုဖို့အတွက် တစ်ခါထဲခေါ်လာရန်မှာသည်။

နက္ခတ်လဲဦးလူဝတို့လင်မယားစကားကို ခေါင်းညိတ်ကာ နှုတ်ဆက်ခဲ့သည်။

ကားမောင်းနေရာမှ ကောင်လေးရှိရာဘက်ကို နက္ခတ်ခေါင်းငဲ့ကြည့်တော့ ကောင်လေးကပတ်ဝန်းကျင်ကို မျက်စိတဆုံးလိုက်ကြည့်နေရှာသည်။

" ကိုယ်ဒီကိုမပြန်ဖြစ်တာနှစ်တွေအတော်ကြာခဲ့ပြီကောင်လေး။ "

" ဟုတ် ဦးကိုထောင်ကျပြီးကတည်းကပဲဆို နှစ်တွေကအတော်ကြာခဲ့ပြီပေါ့။ ဦးကိုကနေနိုင်ရက်တယ်နော်။ ကိုယ့်ရဲ့မွေးရပ်မြေဇာတိမပြောနဲ့ ဦးကိုရဲ့အမေကိုတောင်တချက်ကလေးပြန်မတွေ့တာကတော့ ဦးကိုလွန်တာပေါ့။ "

နက္ခတ်ကားမောင်းနေရာကနေ ကောင်လေးကိုလှည့်ကြည့်မိတယ်။ ကောင်လေးကတော့ သူ့ကိုကြည့်မနေပါ။

" ကိုယ်အတွက်ကောင်းတဲ့မှတ်ဥာဏ်ကနည်းခဲ့တာမို့လေ။ "

နက္ခတ်ကားကိုဂရုတစိုက်မောင်းရင်း ကောင်လေးကိုပြန်ဖြေလိုက်တယ်။ ကောင်လေးကိုကြည့်မိတော့ ကောင်လေးကနားလည်သဘောပေါက်စွာနဲ့ ခေါင်းလေးကိုညိတ်ကာညိတ်ကာလုပ်နေသည်။

" ကောင်လေး "

" ဗျာ.."

အပြင်မြင်ကွင်းတွေကိုငေးကြည့်နေရာကနေ သူရှိရာကိုလှည့်ကြည့်လာတဲ့ကောင်လေး။ ကောင်လေးရဲ့မျက်ဝန်းကြည်ကြည်လေးကိုမြင်ရတိုင်း နက္ခတ်ရင်ခုန်မိသည်။

ကျွန်တော့်နှလုံးသားထက်မှာ လိပ်ပြာလေးတစ်ကောင်ခိုနားနေသည်။ (Complete) Where stories live. Discover now