Part.15 (Zawgyi)

610 13 0
                                    

ကားလေးသည် လမ်းမကြီးအတိုင်းမျောလိုက်သွားရင်း နက္ခတ်ဘေးဘီကို ကားမောင်းရင်းလိုက်ကြည့်မိသည်။ သူဒီကနေထွက်လာတုန်းကနဲ့အများကြီးကွာခြားသွားခဲ့တဲ့ သူ့ရဲ့မွေးရပ်မြေ။ အရင်ကဖုန်လမ်းဝါ အခုတော့ကတ္တရာလမ်းခင်းထားလို့နေသည်။ အရင်လိုဝါးထရံတွေသိပ်မရှိတော့။ ပျဉ်ထောင်နဲ့တိုက်အချို့ကနေရာယူလို့ထားသည်။ အသက်ဆယ့်ရှစ်နှစ်လောက်ကနေခဲ့ဖူးတဲ့ဇာတိမြေဟာ သူအခုခြေချမိတော့ အရက်ကနဲ့များစွာကွာခြားသွားရတာကိုတွေ့ရသည်။ ဟိုးအရင်ကလို လမ်းတွေကရှုပ်ထွေးမနေတာရယ်၊ ပြောင်းလဲသွားတဲ့နေရာဒေသကြောင့်ရယ် မရောက်ဖြစ်တာကြာခဲ့ပြီဆိုတော့ ဒီနေရာဟာ နက္ခတ်နဲ့များစွာစိမ်းလို့နေပြီမဟုတ်လား။ နက္ခတ်ကားမောင်းနေရင်းက မျက်စိလည်စပြုလို့လာသည်။

" ဦးကိုဘာဖြစ်လို့လဲဟင်။ "

နက္ခတ်ကားမောင်းနေတာ နာရီဝက်လောက်တောင်ရှိနေပေမယ့် သူလိုရာကိုအခုထိရှာမတွေ့သေးပါ။ ဒါကိုကောင်လေးကရိပ်မိသွားပုံရကာ မေးလာတော့သည်။

" ကိုယ်မရောက်တာကြာလို့လားမသိဘူး။ ကိုယ်တို့အိမ်ကိုရှာမတွေ့ဘူးဖြစ်နေတယ်။ "

" ဒါဆိုတစ်ယောက်ယောက်ကိုမေးလိုက်ရမလား။ "

ကောင်လေးရဲ့စကားကိုသူထောက်ခံချင်ပေမယ့် ကားပေါ်ကနေမဆင်းချင်ပါ။ နာမည်ဆိုးကျန်နေခဲ့တဲ့သူ့ကို သိတဲ့သူတစ်ယောက်ယောက်ကတွေ့ခဲ့လျှင် သူမြင်တွေ့ရမဲ့လူတစ်ယောက်ရဲ့အပြုအမူကို သူမတွေ့ချင်ပါ။

အချိန်ကာလတွေက ဘယ်လောက်တောင်ကြာခဲ့ပြီလဲ။ သူတောင်ပြောင်းလဲသွားခဲ့တာဆိုတော့ သူ့ရဲ့ဇာတိမြေဟာလဲ ပြောင်းလဲလို့သွားခဲ့တာမထူးဆန်းတော့။

" ကျွန်တော်ဆင်းမေးလိုက်မယ်လေ။ ဦးကိုကတော့ကားပေါ်မှာပဲနေပေါ့။ "

နက္ခတ်အလိုမကျမှု့ကြောင့် စုကျုံ့ထားတဲ့မျက်မှောင်။ တည်တင်းနေတဲ့မျက်နာကို ကောင်လေးက လက်မကလေးသုံးကာ မျက်ခုံးတွေကိုဖြေလျော့စေသည်။

" ကိုယ်စိုးရိမ်နေမိတယ်ကောင်လေး။ ကိုယ့်အတွက်မရင်းနှီးတော့တာကြာပြီဖြစ်တဲ့ ဒီနေရာမှာ ကိုယ့်ကိုသိတဲ့တစ်ယောက်ယောက်က မြင်တွေ့သွားရင် ကိုယ့်ကိုမုဒိန်းသမားဆိုတဲ့ရွံရှာတဲ့အကြည့်တွေနဲ့ကြည့်လာမှာကိုကြောက်တယ်။ "

ကျွန်တော့်နှလုံးသားထက်မှာ လိပ်ပြာလေးတစ်ကောင်ခိုနားနေသည်။ (Complete) Where stories live. Discover now