" ဦးကို "
ဆွဲခြင်းကိုင်ကာဝင်လာတဲ့ ညီမင်းယံ။ အလုပ်လုပ်နေရင်းပြေးသွားတဲ့ ကိုနက္ခတ်။
" ဟ ဘာတွေလဲကွ။ နက္ခတ်တို့တော့ ဒီနေ့ဗိုက်ခွေးနမ်းပြီထင်တယ်။ "
ဆွဲခြင်းထဲမှာချိုင့်တစ်လုံးရယ်။ ရေဘူးလိုအရာတစ်ခုရယ်၊ လက်သုတ်ပုဝါတစ်ထည်ရယ်ပေါ့။
" ပေး ပေး။ ဘာလို့လိုက်လာတာလဲ။ အိမ်မှာပဲစာကျက်နေရောပေါ့ကွာ။ "
" ဟုတ် စာကလဲကျက်ပါတယ်ဦးကိုကလဲ။ အခုကဦးကို,ကိုထမင်းလာပို့တာ။ နောက်များကျနေပြီလားလို့။ အပြေးလာရတာ။ "
" အမလေးနော်။ ငါတို့များအိမ်ထောင်ကျတာ အိမ်ကမိန်းမများ ထမင်းကိုတစ်နပ်မှလာမပို့ဖူးဘူး။ ညီမင်းယံတို့နဲ့များကွာပ။ "
ကိုကျော်ကြီးပြောသမျှကို အပြုံးလေးနဲ့သာညီမင်းယံတုံ့ပြန်မိသည်။ ဦးကိုကတော့ သူ့လက်ထဲကဆွဲခြင်းကိုပြောင်းယူကာ လုပ်လက်စအလုပ်ကို လက်စသတ်မယ်ဆိုပြီးလုပ်နေလေရဲ့။ ညီမင်းယံဦးကိုနားကိုမယောင်မလည်နဲ့သွားတော့ ဦးကိုကပြုံးပြပါသည်။
" ယံယံလေးရောက်နေတာလား။ တစ်ခါထဲနေ့လည်စာစားသွားလိုက်တော့။ မင်းအကိုတွေလဲခနနေထမင်းစားကြမှာဆိုတော့ မင်းရောက်တာနဲ့အတော်ပဲ။ "
" နေပါစေအန်တီ။ ကျွန်တော်အိမ်ရောက်မှထမင်းစားတော့မယ်။ "
" ဘာကိုနေပါစေလဲ။ ယံယံနော်အဒေါ်စိတ်မကောင်းဖြစ်အောင်လို့။ နောက်ပြီးပြောရအုံးမယ်။ မင်းကျောင်းတက်ရင် မင်းဦးကိုထမင်းစားဖို့အတွက်မပူနဲ့။ ဒေါ်ဒေါ်တို့ရှိတယ်။ "
ညီမင်းယံမြန်မာစာကိုအဝေးသင်သာယူခဲ့သည်။ ကျောင်းတစ်ဖက်နဲ့အလုပ်လုပ်မယ်ပြောတော့ ဦးကိုကသဘောမတူခဲ့။ ဦးကိုနားလည်အောင် သူဘယ်လိုပင်ချော့ကာပြောလဲ ဦးကိုကဘူးဆိုဖရုံမသီးလေတော့ သူကပဲဦးကိုစကားကိုနားထောင်ရတော့သည်။
" ဒို့ကောင်ကြီးများကွာ။ မနေ့ကမှမင်္ဂလာဆောင်တယ်။ ဒီနေ့ကျအလုပ်လုပ်နေတာတဲ့။ အားတွေများသိပ်ပေါချက်ပဲ။ "
" ဟာ ကိုကျော်ကြီကလဲဗျာ။ ကလေးရှေ့မှာ ဘာတွေပြောနေတာလဲ။ ကိုကျော်ကြီးပြောသလို အဆင့်ထိမရောက်ကျသေးပါဘူးဗျာ။ "
YOU ARE READING
ကျွန်တော့်နှလုံးသားထက်မှာ လိပ်ပြာလေးတစ်ကောင်ခိုနားနေသည်။ (Complete)
RomanceAge gap (oc) December sat date:24.12.2023 End date: 21.2.2024