Part.5 (Unicode)

5.1K 218 1
                                    

တော်သေးတယ်လို့ဆိုရမည်။ မနက်ကကောင်လေးပေးခဲ့တဲ့ကောက်ညှင်းပေါင်းလေး အဆာပြေအဖြစ်စားလိုက်လို့သာပဲ။ မဟုတ်ရင်သူဗိုက်အတော်ဆာနေခဲ့မှာ။ သူအလုပ်စဆင်းတဲ့နေ့မှာပဲ ပြင်လိုက်ရတဲ့ကားတွေတစ်စီးပြီးတစ်စီး။ နေ့လည်စာကိုသုံးနာရီထိုးမှသာစားရသည်။ ညီမင်းယံကို နက္ခတ်စိတ်ထဲကနေကျေးဇူးတင်မိသည်။

" ကဲ ကဲ။ နေ့လည်စာစားကြရအောင်ကွာ။ ဒီနေ့တော့ လာဘ်ကောင်ကြီးရောက်လို့နဲ့တူတယ်။ ကားတွေအော်ဒါယူလိုက်ကြတာ။ "

အားလုံးဟာပင်ပန်းနေကြပေမယ့်လဲပျော်ကြပါသည်။ စိတ်တူကိုယ်တူတွေလုပ်ကိုင်ရလို့တူတယ် ပင်ပန်းတယ်လို့ကိုမထင်ကြ။ အားလုံးဟာပျော်ပျော်ရွှင်ရွှင်နဲ့ကိုလုပ်ကိုင်ကြတာ။

" ဟုတ်မယ်ဦးလေးရေ။ မနက်ထဲကကားတွေကျလာလိုက်တာ။ အရင်ကဆိုဒီအချိန်လောက်ဆို ကျုပ်တို့တရေးတမောနိုးတာမဟုတ်လား။ ဟား ဟား "

ကိုကျော်ကြီးကအရွှန်းထဖောက်လေတော့သည်။ ဦးလူဝကလဲ ဟုတ်မှန်ကြောင်း ခေါင်းညိတ်ပြလေသည်။

" ဒါတော့ဟုတ်တယ်ကွ။ တစ်နေ့ကိုကားလေးမှ လေးငါးစီးလောက်သာကျတာ။ ဒီနေ့ကျကွာ လာပြင်လိုက်တဲ့ကားတွေ။ နက္ခတ်လာမှပြင်မယ်ဆိုပြီး စုပြုံကျလာသလားထင်ရတယ်။ "

အားလုံးဟာပျော်ပျော်ရွှင်ရွှင်စနောက်နေကျတာမို့ နက္ခတ်လဲပြုံးမိသည်။

" ယောကျ်ားရှင်လဲစကားပဲများမနေနဲ့။ ကလေးတွေလဲဗိုက်ဆာနေကြရောပေါ့။ ကလေးတျု့လက်ရေဆေးကြ။ ထမင်းစားတော့။ "

ဦးလူဝရဲ့မိန်းမက သူတို့ကိုလက်ဆေးရေပေးကာ
တစ်ဝိုင်းထဲအတူစားကြသည်။ တစ်ရက်သာရှိသေးတဲ့နက္ခတ်ဟာ အားလုံးနဲ့လိုက်လျောညီစွာရှိလို့ အားလုံးကလဲသူ့ကိုခင်မင်ကြသည်။

" ထမင်းစားပြီးရင်တော့ မင်းတို့လဲပြန်နားကြတော့။ ဒီနေ့တော့အစောကြီးဆိုင်ပိတ်မယ်။ "

အားလုံးဟာ " ဟေး "ခနဲအော်လို့။ ဗိုက်ကအတော်လေးဆာနေလို့ထင်တယ် ချပေးတဲ့ထမင်းလဲမကျန်သလို ဟင်းတွေကလဲအပြောင်ကြိတ်ကြသည်။

ကျွန်တော့်နှလုံးသားထက်မှာ လိပ်ပြာလေးတစ်ကောင်ခိုနားနေသည်။ (Complete) Where stories live. Discover now