စစ်မာကျောင်းသည် လျောင်ထင်ယန့်ကို မျိုချချင်နေသည့် မြွေတစ်ကောင်နှယ် ထိုနေရာ၌ ထိုင်နေခဲ့သည်။ မြွေနက်ကြီးကဲ့သို့သော အတုအယောင် မြွေမျိုးမဟုတ်ဘဲ ကြောက်စရာ အဆိပ်ပြင်းမြွေတစ်ကောင်လိုမျိုး ဖြစ်သည်။ နောက်တစ်ခဏမှာတင် သူ့အားသတ်ပစ်တော့မည့်နှယ် သူ့အား ချီးမွမ်းသည့်လေသံဖြင့်ပြောလိုက်သည်။
"မင်းက တကယ့်ကိုရဲရင့်တာပဲ"
လျောင်ထင်ယန့် : "..." ဟမ်
ဒီဘိုးဘေးပြောပုံကိုကြည့်ရတာ သူက ဒုတိယတစ်ကြိမ်ရဲရင့်တယ်ဆိုပေမဲ့ ဘာလို့ သူက အဲ့လိုပြောရတာလဲ....သူသာ တကယ်သတ္တိရှိမယ်ဆိုရင် အခု အိမ်သာသွားချင်စိတ်တောင်ပေါက်မှာမဟုတ်ဘူး...
စစ်မာကျောင်းသည် လျောင်ထင်ယန့်၏ အမူအရာကိုကြည့်လိုက်ပြီး မျက်လုံးများက အေးစက်သွားသည်။ သူတစ်ခုခုလုပ်ချင်နေသောကြောင့် သူ့ကိုမေးလိုက်၏။
"မင်းဒီကိုဘာလာလုပ်တာလဲ"
လျောင်ထင်ယန့်သည် ခေတ္တမျှတုံ့ဆိုင်းနေပြီး နောက်ဆုံး စံကျသည့် အဖြေအားရွေးချယ်ကာ ပြောလိုက်၏။
"ဒီတပည့်က ဆရာသခင်ကို ခစားဖို့အတွက် ဒီကို ရောက်ရှိလာကြောင်းပါ"
အံ့သြခြင်းမရှိ၊ စစ်မာကျောင်းသည် သူ၏နဖူးဆီသို့ လက်တစ်ချောင်းအားမြှောက်ကာ မေးလိုက်သည်။
"ငါ့ကိုဖြေ မင်း ဒီကိုဘာလာလုပ်တာလဲ"
လျောင်ထင်ယန့်ဖြေခဲ့သည်။
"ကျွန်မ စိတ်ရောကိုယ်ပါအနားပေးဖို့ လာခဲ့တာ"
အတိုချုပ်အားဖြင့် အားလပ်ရက်ပင်။
လျောင်ထင်ယန် - အား အားအား ဘာတွေဖြစ်ကုန်တာလဲ...ဘယ်လိုလုပ်ငါ့စကားတွေက ပြောင်းသွားတာတုန်း...ဒီသရဲကြောင့်ပဲဖြစ်ရမယ် ဒီစိတ်ကူးယဥ်လောကက ငါ့ကို ဒုက္ခပေးလိုက်တာ မှော်ပညာအစစ်ဆိုတာမျိုးမရှိဘူးလေ...
စစ်မာကျောင်းသည် မူလက လျှို့ဝှက်ကြံစည်မှုတချို့ကြားရမည်ဟု ထင်ခဲ့သော်လည်း သူကြားလိုက်ရသည်ကား ဆီလျော်မှုမရှိသောအရာပေ။ သူသည် နောက်ကိုဆုတ်ရင်း ထိတ်လန့်သွားသည့် အမူအရာ ပြမိသွားသည်။ သူထပ်၍မေးသော်လည်း လျောင်ထင်ယန့်အဖြေကား အတူတူဖြစ်ဆဲပင်။

YOU ARE READING
အရှင်သခင်အား ငါးဆားနယ်တစ်ကောင် ဆက်သခြင်း (မြန်မာဘာသာပြန်)
عاطفية"ငါ ဒီအကျဉ်းထောင်ကနေ ထွက်လာတာနဲ့ အကုန်လုံးကို သတ်ပစ်မယ်" --- စစ်မာကျောင်း "စားစရာနဲ့ အိပ်စရာရှိနေသ၍ တခြားသူကိစ္စ ဘာမှဝင်မပါဘူး" --- လျောင်ထင်ယန့် စွမ်းအားကြီး Red Flag ml နဲ့ ငါးဆားနယ်လေး fml ရဲ့ အရိုအချိုအခွီအငို ရှန်းရှဖြစ်ပါတယ်။