အခန်း ၄၈

557 56 2
                                    

ရှစ်ချန်းလု၊ သခင်ယွမ်နှင့် လနန်းတော်သခင်တို့သည် ပိုင်လီတောင်မှ ထွက်ခွာသွားကြသည်။ လနန်းတော်သခင်၏ ‌ကျောက်မီးသွေးနှယ် မျက်နှာအမူအရာ မည်းမှောင်နေလေ၏။ သူသည် စစ်မာကျောင်းကို ဘာမျှမပြောရဲခဲ့ပေ။ ယခု သူ၏ ခွန်အားအားလုံးကို ရှစ်ချန်းလုပေါ် ပုံချလိုက်တော့သည်။

“ခေါင်းဆောင် သူ့ရဲ့ မောက်မာမှုကို သည်းခံနေတော့မှာလား။ အရင်က ခေါင်းဆောင် ဒီလိုမျိုး တွန့်ဆုတ်မနေပါဘူး”

ရှစ်ချန်းက အေးဆေးတည်ငြိမ်စွာ မေးလာခဲ့သည်။

“ဒါဆိုလည်း ဘာလုပ်ချင်လို့တုန်း”

လနန်းတော်သခင်က အံကြိတ်လိုက်သည်။

“ကျွန်မတို့ သူ့ကို သတ်လို့မရရင်တောင် လူတွေအများကြီးနဲ့ သူ့ကို လှောင်ပိတ်လို့မရဘူးလား..”

ရှစ်ချန်းက ရယ်မောလိုက်သည်။

“သူ့ကို လှောင်ပိတ်မယ်..လွန်ခဲ့တဲ့ နှစ် ၅၀၀ တုန်းကလိုလား”

လနန်းတော်သခင်သည် အတိတ်အကြောင်း တွေးမိသွားပြီး မျက်နှာအမူအရာက မသက်မသာ ဖြစ်လာခဲ့သည်။

အစက သူတို့သည် စစ်မာကျောင်းကို မသတ်နိုင်သောကြောင့် သူ့ကို အပြည့်အဝ ထိန်းချုပ်ချင်သော်လည်း ကျရှုံးခဲ့သည်။ ထိုအစား စစ်မာကျောင်းက လူအများကြီးကို သတ်ခဲ့ပြီး သူ၏ ကျင့်ကြံစဉ်ကို တိုးပွားစေခဲ့သည်။ နောက်ဆုံးတွင် စစ်မာကျောင်းကို သူတော်စင်သုံးဦးတောင်တွင် နှစ် ၅၀၀ ကြာအောင် လှောင်ပိတ်ထားရန်အတွက် တပည့်များစွာကို စတေးခဲ့ရသည်။ လနန်းတော်သခင်သည် စစ်မာကျောင်းကို ဝိညာဉ်မီးတောက်များနှင့်အတူ ဝိညာဉ်စွမ်းအင်တို့ မရှိသည့်နေရာတွင် နှစ် ၅၀၀ ကြာအောင် လှောင်ပိတ်ရန် ရည်ရွယ်ခဲ့သည်။ ထိုသို့ ပိတ်လှောင်ခြင်းက စစ်မာကျောင်းကို သေချာပေါက် အားနည်းစေမည်။ ထိုသို့ဆိုလျှင် သူ့အနေဖြင့် လာရောက်ရှင်းလင်းလိုက်ရုံပင်။ သို့သော် စစ်မာကျောင်းသည် အားမနည်းသွားခဲ့ဘဲ လွန်ခဲ့သော နှစ် ၅၀၀ ထက်ကပင် ပို၍စွမ်းအားကြီးလာတော့၏။

စစ်မာကျောင်းသည် ဖုန်းရှန်းဂိုဏ်း၌ နှစ်ထောင်ချီတွင် တစ်ကြိမ်သာပေါ်သော ရှားပါးဉာဏ်ကြီးရှင်ပင်။ သူ၏ ပင်ကိုစွမ်းရည်နှင့် အသိဉာဏ်သည် ပြိုင်ဖက်ကင်းလှသည်။ ချောင်ပိတ်နေလျှင်ပင် သူသည် လွတ်မြောက်အောင် ထွက်ပြေးနိုင်သည်။ သခင်ရှစ်ချန်းသည် စစ်မာကျောင်းကို အထင်အမြင်မသေးရဲတော့ပေ။

အရှင်သခင်အား ငါးဆားနယ်တစ်ကောင် ဆက်သခြင်း (မြန်မာဘာသာပြန်)Where stories live. Discover now