အခန်း ၅၀

544 47 3
                                    

မြွေကြေးခွံများက ချောမွေ့ပြီး အေးစက်သည်။ ၎င်းပေါ်တွင် အိပ်စက်ရသည်မှာ ဖျာတစ်ချပ်ပေါ် လှဲနေရသလိုပင်။ လျောင်ထင်ယန့်သည် ၎င်းပေါ်တွင် လှဲနေရင်း လေညှင်းလေးကို ခံစားကြည့်နေသည်။ အတော်လေး သက်သောင့်သက်သာ ရှိလှ၏။

သို့သော် ဤမြွေနက်အစ်ကိုကြီးသည် မှောင်သော ထောင့်နေရာများ၊ ကျောက်တုံးအောက်မှ ကျဉ်းမြောင်းသော နေရာအလွတ်လေးများ၊ တချို့သတ္တဝါများ တူးထားသည့် မြေတွင်းများ၊ သစ်ရွက်ဆွေးများ ပြည့်နှက်နေသည့် သစ်ပင်များကို အထူးကြိုက်နှစ်သက်သည်။ သူတို့သည် ထိုနေရာများထဲ ဝင်ရောက်ရသည်ကို သဘောကျနှစ်သက်၏။

လျောင်ထင်ယန့်သည် ဖျံ၏ အမွေးနုနုလေးများကို အင်မတန် ဂရုစိုက်သည်။ မြွေနှင့် အပြင်ရောက်သွားချိန်တွင် ဆံပင်များက ရှုပ်ထွေးသွားတော့၏။

သူ့အနေဖြင့် ဤအနက်ရောင်ကားကို သည်းမခံနိုင်တော့ပေ။ လျောင်ထင်ယန့်သည် သူ့ခေါင်းပေါ်ရှိ သစ်ရွက်များနှင့် မြက်ခြောက်များကို ဖဝါးဖြင့် ဖယ်ရှားလိုက်သည်။ ထို့နောက် ဆံပင်များကို ပွတ်သပ်လိုက်သည်။ ခံစားချက်က ပိုးသားလို ပျော့ပျောင်းမနေ။ မြွေက ရေတံခွန်အောက်တွင် ထပ်သွားဆော့တော့မည်ကို မြင်လိုက်ရသောအခါ လျောင်ထင်ယန့်သည် ကားပေါ်မှ ချက်ချင်း ခုန်ချရန် ပြင်လိုက်တော့၏။

“အရူးလေး ငါက ကားမူးတတ်တယ်။ ငါ နင်နဲ့ ထပ်မဆော့တော့ဘူး။ နင့်ဟာနင် သွားကစားတော့”

လျောင်ထင်ယန့်က မြွေကြီးကို ပုတ်လိုက်ပြီး လက်ခါပြလိုက်သည်။ မြွေကြီးက ရေတံခွန်ထဲသို့ ပြေးမသွားခင် ဖျံလေးသည် လေပေါ်ပျံလိုက်ပြီး ခန်းမဆောင်ရှိရာသို့ ပျံသန်းသွားလိုက်၏။

သူသည် ပက်လက်အနေအထားဖြင့် ပျံသန်းသွားခြင်းပင်။ ပျံသန်းခြင်းနှင့် ထိန်းချုပ်ခြင်းတို့တွင် သူ အတွေ့အကြုံ သိပ်မရှိပေ။ သူ့အိပ်မက်ထဲတွင်သာ လေ့လာနေခဲ့သည်။ စိတ်ကူးယဉ်လောကတွင် ပုံရိပ်ယောင် အမျိုးအစားအားလုံးကို ရဲရဲဝံ့ဝံ့ စမ်းကြည့်သင့်၏။

သူ အဓိကခန်းမကို ပျံသန်းသွားချိန်တွင် လျောင်ထင်ယန့်တစ်ယောက် ကျိန်ဆဲသံကို ကြားလိုက်ရသည်။

အရှင်သခင်အား ငါးဆားနယ်တစ်ကောင် ဆက်သခြင်း (မြန်မာဘာသာပြန်)Where stories live. Discover now