အခန်း ၄၇

429 44 1
                                    

သူ စကားပြောနေစဉ် သူ၏ ဖေးစံအိမ်တော်က ပိုင်လီတောင်ဆီသို့ ရုတ်တရက် ပျံသန်းသွားခဲ့သည်။

“ရှစ်ကျဲယွဲ့ စိတ်မတိုပါနဲ့။ ရပ်လိုက်တော့။ ရှစ်ကျဲကို ပိုင်လီတောင်နားမကပ်ဖို့ ရှစ်ဖူက ရှင်းပြထားတယ်လေ”

ဖေးစံအိမ်တော်က ပိုင်လီတောင်နှင့် နီးကပ်လာသည်နှင့်အမျှ ရှစ်မေ့က ပြောလိုက်သည်။

ယွဲ့ဟွေ့၏ မျက်နှာက ဖြူဖျော့နေလေသည်။

“ငါ လုပ်နေတာမဟုတ်ဘူး။ ငါ ဒီဖေးစံအိမ်ကို ထိန်းချုပ်လို့မရတော့ဘူး ဘာဖြစ်တာလဲ”

ရှစ်မေ့က ထအော်လိုက်သည်။

“အား ဟိုမှာ အဲဒါက…”

စစ်မာကျောင်းသည် အဝေးမှ ဖေးစံအိမ်တော်ကို ပိုင်လီတောင်နယ်မြေထဲ လှမ်းဆွဲခေါ်လိုက်ပြီး လျောင်ထင်ယန့်ကို ဖေးစံအိမ်တော်ဆီ ပွေ့ခေါ်သွားခဲ့သည်။ ဖေးစံအိမ်တော်၏ အကာအကွယ် စွမ်းအားက အရာထင်ပုံမပေါ်။ ဖေးစံအိမ်တော် ထိန်းချုပ်ခွင့်ကို ယွဲ့ဟွေ့ထံမှ အသာလေး လုယူသွားပုံပင်။

ယွဲ့ဟွေ့၊ သူ၏ ရှစ်မေ့၊ အိမ်တော်တွင် တာဝန်ထမ်းဆောင်သည့် အစေခံနှင့် ကချေသည်တို့အားလုံး ကြက်သေသေသွားကြသည်။ အထူးသဖြင့် စစ်မာကျောင်းနှင့် လျောင်ထင်ယန့်က ဒုတိယထပ်ပြတင်းပေါက်မှာ ဝင်လာချိန်တွင် ဖြစ်သည်။ အားလုံးက သူတို့ကို ကြောင်ကြည့်နေမိပြီး မည်သို့တုံ့ပြန်ရမည်ကို မသိကြပေ။

“စစ်ကျန်…တောက်ဓမ္မအရှင်လား”

ယွဲ့ဟွေ့က စိတ်လှုပ်ရှားစွာ အော်လိုက်သည်။

စစ်မာကျောင်းသည် စိတ်လှုပ်ရှားနေသော ပရိသတ်ကို ပြတင်းပေါက်မှ ကန်ထုတ်လိုက်သည်။

ယွဲ့ဟွေ့ - “အား…”

စစ်မာကျောင်းသည် ဖေးစံအိမ်ပိုင်ရှင်ကို ကန်ထုတ်လိုက်ပြီး ကျန်လူအားလုံးကိုလည်း အတူတကွ ကန်ထုတ်လိုက်သည်။ လျောင်ထင်ယန့်ကို ဖေးစံအိမ်တော်တွင် တစ်ယောက်တည်း ရှိနေစေပြီး ပြောလိုက်သည်။

“မင်း ဒီမှာပဲနေ။ မင်း ဘာအမှားလုပ်ခဲ့လဲဆိုတာ ကိုယ့်ဟာကိုယ် ပြန်သုံးသပ်။ မင်း သုံးသပ်ပြီးမှ ဒီကပြန်ထွက်လာ”

အရှင်သခင်အား ငါးဆားနယ်တစ်ကောင် ဆက်သခြင်း (မြန်မာဘာသာပြန်)Where stories live. Discover now