အခန်း ၄၁

483 50 1
                                    

ဖိအားမှာ ရုတ်တရက် တိုးမြင့်လာပြီး လျောင်ထင်ယန့်ပင် သူသည် လူဆိုးစခန်းထဲသို့ရောက်သွားသလို ခံစားလိုက်ရသည်။

စစ်မာကျောင်းက ပြော၏။

"မင်းငါ့ဆီက သွေးတွေ ဘယ်လောက်တောင် သောက်လိုက်လဲဆိုတာ မင်းသိလား"

လျောင်ထင်ယန့်သည် သူ၏ပါးစပ်အား အုပ်လိုက်၏။ အရင်က သူသတိမထားမိခဲ့ပေ။ စစ်မာကျောင်းက သူ့အား လူသွေးသောက်ထားကြောင်းပြောသောအခါ သူပျို့အန်မိသွားသည်။

စစ်မာကျောင်းကပြောသည်။

"မင်းအန်ချရဲရင် မင်းကို ငါသတ်ပစ်မယ်"

လျောင်ထင်ယန့်သည် မကျေမနပ်ညည်းညူလိုက်သည်။

သူ၏မျက်နှာမှာ သိပ်မကောင်းခဲ့ပေ။ သူသည် ကျင့်ကြံရေးလောက၌ လူ့သွေးကို ရောဂါကုသရန်နှင့် လူကယ်ရန် အဘယ်ကြောင့် သုံးကြမှန်း အမှန်တကယ်ပင် နားမလည်ချေ။ ခေတ်သစ်ဆေးပညာအရ လူ့သွေးကို တိုက်ရိုက်သောက်သုံးခြင်းကား အကျိုးမရှိ။ သို့သော် ကျင့်ကြံရေးလောက၏မိစ္ဆာကြီးသည် ခေတ်သစ်ဆေးပညာအကြောင်း နားမလည်ပေ။ စစ်မာကျောင်းသည် ထထိုင်လိုက်ကာ လျောင်ထင်ယန့်နားသို့ တိုးလိုက်ပြီး သူ၏‌မေးအား ဒဏ်ရာရနေသောလက်ဖြင့် ဖိထားလိုက်သည်။

"မင်းရဲ့ကျင့်ကြံရေးအဆင့်က အမြုတေဝိညာဥ်တည်ဆောက်ခြင်းအဆင့်ကို ရောက်နေပြီ။ အခုရော မင်းငါ့ကို သတ်ချင်သေးလား"

အမှန်ပြောမန္တန်ဖွင့်စေ...

လျောင်ထင်ယန့်က ပြော၏။

"ကျွန်မမလုပ်ချင်ပါဘူး"

စစ်မာကျောင်းက မေးလိုက်သည်။

"မင်းထပ်ပြီး မင်းရဲ့ကျင့်ကြံရေးအဆင့်ကို ထပ်တိုးတက်ချင်သေးတာလား"

လျောင်ထင်ယန့်က ဖြေ၏။

"ကျွန်မ မတိုးတက်ချင်ဘူး"

အရိုးသားဆုံးပြောရလျှင် အားကောင်းသော အမတကျင့်ကြံရေးသမားတစ်ဦး ရုတ်တရက်ဖြစ်လာခြင်းက ထိပ်တန်း စက်ယန္တားရားတစ်ခုနှင့်တူလှသည်၊ သို့သော် အသုံးဝင်မှုမရှိသလို၊ မည်သို့ သုံးရမည်ကိုလည်း သူမသိသောကြောင့် သေသေချာချာ စူးစမ်းရှာဖွေရန် လိုအပ်လေသည်။

အရှင်သခင်အား ငါးဆားနယ်တစ်ကောင် ဆက်သခြင်း (မြန်မာဘာသာပြန်)Where stories live. Discover now