အခန်း ၁၂

488 58 0
                                    

လျောင်ထင်ယန့်၏ အအိပ်စွမ်းရည်သည် လွန်စွာ ကောင်းလွန်း၏။ သူသည် စိတ်ကူးယဉ်ကမ္ဘာထဲရောက်လာခဲ့ပြီး လူသတ်မှုနှစ်ခုအားမြင်တွေ့ပြီးသည့်တိုင် သူ၏ ညဖက်အိပ်စက်မှုကို အကျိုးမသက်ရောက်နိုင်ပါချေ။

မနက်သုံးနာရီခန့် သူအိပ်‌မောကျအချိန်တွင် အခန်းထဲ၌ ရှူးရှူးရှဲရှဲအသံလေးတစ်သံပဲ့ထင်သွားပြီး မြွေနက်ကြီးတစ်ကောင် တိတ်တဆိတ်ရောက်လာ၍ သူ၏ အိပ်ရာအား လှည့်ပတ်ခဲ့သည်။

စီးးးး----

မြွေနက်ကြီးသည် အချိန်အတော်ကြာတိုင်အောင် အိပ်ပျော်လျက်ရှိသော လျောင်ထင်ယန့်ကို ရှူးရှဲမြည်သံပြုလိုက်သော်လည်း ဘာတုံ့ပြန်မှုမှ မမြင်လိုက်ရပေ။ မြွေနက်ကြီး၏ခေါင်းသည် နီးသထက်နီးကပ်လာရင်း သူ၏ ချွန်ထက်သောသွားများက သူ၏ ပါးအောက်ရောက်လုနီးပါးပင်။ အပေါ်မှာ လေအေးများတိုက်ခတ်လာသော်ငြားလည်း လျောင်ထင်ယန့်သည် တုံ့ပြန်မှုမဲ့ဆဲသာ။

မြွေနက်ကြီး :...မဟုတ်သေးပါဘူး ဒီလောက်ပြင်းထန်တဲ့ တည်ရှိမှုကြီးရှိတာတောင် ဘာလို့ သူမနိုးလာရသေးတာလဲ....သူ မနိုးတာမဖြစ်နိုင်ဘူးဆိုတော့ သူခေါင်းမူးသွားလို့များလား...

မြွေနက်ကြီးတွင် နှေးကွေးသော ဉာဏ်ရည်သာရှိ၏။ သူသည် မိစ္ဆာသားရဲတစ်ကောင်မဟုတ်ခဲ့။ မူလမြွေလေးသည် သူတော်စဉ်သုံးဦးတောင်ထွဋ်ဆီ လမ်းမှားရောက်လာပြီး သေခါနီးဆဲဆဲအချိန်ဖြစ်သည်။ စစ်မာကျောင်းက သူ့ကိုရှာတွေ့ခဲ့သည့်အချိန်တွင် သူသည် လွန်စွာပျင်းနေသောကြောင့် သူ၏ သွေးအများအပြားကိုတိုက်ကာ ထိုနေရာ၌ သူ့ကိုအသက်ရှင်စေခဲ့သည်။

အစက မြွေနက်‌သည် ထူထဲသောလက်ချောင်းများနှင့် ရှည်လျားသော လက်တံများရှိ‌သော ပန်းမြွေတစ်ကောင်ဖြစ်သည်။ နောက်ပိုင်း စစ်မာကျောင်းရူးသွပ်သွားသည့်အချိန် သူသည် မြွေနက်အား သူ၏‌ အသွေးနှင့် အသားတစ်ချို့ကိုစားစေပြီးနောက် မြွေ၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်းပြောင်းလဲခဲ့သည်။ ပို၍ကြီးလာလေလေ သူ့ခန္ဓာကိုယ်ပေါ်မှ လှပသောအကွက်များ ပျောက်ကွယ်သွားလေလေဖြစ်ပြီး မဲနက်ကာ လက်ချောင်းများမရှိကြတော့ပေ။

အရှင်သခင်အား ငါးဆားနယ်တစ်ကောင် ဆက်သခြင်း (မြန်မာဘာသာပြန်)Where stories live. Discover now