အခန်း ၂၇

472 54 2
                                    

လျောင်ထင်ယန့်တစ်ယောက် နေဝင်ရီတရောအချိန်အထိ အိပ်စက်ခဲ့သည်။ ပြင်ပမှ ဝမ်းနည်းပူဆွေးမှုများက သူနှင့် မသက်ဆိုင်ပေ။ သူ့အနေဖြင့် စဉ်းစားရမည့်ကိစ္စမှာ လူအများကို မြေပဲခွံခွာသလို သတ်နေသည့် ရှစ်ကျူစစ်မာကျောင်းကိစ္စပင်။ စစ်မာကျောင်းသည် ကြိုးပုခက်ထဲတွင် မရှိတော့။ ထိုအချက်က လျောင်ထင်ယန့်ကို ပိုမိုသက်သောင့်သက်သာဖြစ်စေသည်။ အကယ်၍ သူသာ ထပ်အိပ်လိုက်လို့ အရာရာကို ဖြေရှင်းနိုင်ခဲ့ပါလျှင်…..

လျောင်ထင်ယန့်သည် ထရပ်လိုက်ပြီး သူ့ခန္ဓာကိုယ်ထဲက အငွေ့အသက်ကို ခံစားမိလိုက်သည်။ သူသည် ရွှင်လန်းတက်ကြွနေသည်။ ငါးဆားနယ်လေးသည် ရေရွှဲရွှဲစိုနေလေသည်။ လက်ရှိ သူတော်စင်သုံးဦးတောင်သည် အနည်းငယ် ပုံမှန်မဟုတ်သော အခြေအနေမျိုးပင်။ နေရာတော်တော်များများက အပျက်အစီးများ ဖြစ်သွားသော်လည်း ယိုယွင်းကျဆင်းမှု အငွေ့အသက်က ထူးထူးခြားခြား ပေါ်ထွက်နေသည်။ ဤဝိညာဉ်စွမ်းအား မြူခိုးများကြောင့်လည်း ဖြစ်နိုင်သည်။ အရာရာတွင် မှုန်ဝါးဝါး အလှတရားတစ်ခု ရှိနေလေ၏။

လျောင်ထင်ယန့်တစ်ယောက် မြွေနက်ကြီးကို မမြင်သလို စစ်မာကျောင်းကိုလည်း မမြင်ပေ။ မှော်စွမ်းအင် ပြန်ရလာသော မှော်မီးတောက် အော်ဟစ်နေသည်ကိုသာ တွေ့ရ၏။

“အသုံးမကျတဲ့ကောင်တွေ။ ကန်ချန်းရှန်းဖူက အသုံးမကျတဲ့ မြေးတွေ။ သူတို့တွေ စစ်မာကျောင်းကို မသတ်နိုင်ကြဘူး။ မနေ့က အခွင့်အရေးကောင်းကြီးကို လွတ်သွားကြတယ်”

တစ်ခါတစ်ရံတွင် လျောင်ထင်ယန့်သည် မီးတောက်ကို နားမလည်နိုင်ပေ။ မီးတောက်သည် စစ်မာကျောင်းနှင့် မတော်တဆဖြစ်ရပ်မျိုးရှိခဲ့ပြီး နှစ်ဖက်လုံးတွင် သဟဇာတဖြစ်သော ဆက်ဆံရေးမျိုးရှိသည်။ ရုတ်တရက်ဆိုသလို ထိုမီးတောက်သည် စစ်မာကျောင်းကို တစ်ယောက်ယောက်က သတ်သွားစေချင်ပြန်၏။

ဗဟိုမျှော်စင်သည် တစ်ဝက်ပြိုကျသွားခြင်းပင်။ လျောင်ထင်ယန့်သည် အပေါက်နေရာသို့ လျှောက်သွားပြီး အောက်ငုံ့ကြည့်လိုက်သည်။ အနားတော့မကပ်ရဲ။ ဤမျှအားထုတ်ပြီးနောက် အနက်ရောင်ပုံရိပ်တစ်ခုက အောက်ဘက်ရှိ ပန်းခင်းနားတွင် ရပ်နေကြောင်း မြင်လိုက်ရသည်။ မြွေနက်ကြီးသည် ပန်းခင်းကို ထိနေသော ကျောက်စရစ်ခဲများကို တွန်းထုတ်ရန် ကြိုးပမ်းလျက်ရှိ၏။

အရှင်သခင်အား ငါးဆားနယ်တစ်ကောင် ဆက်သခြင်း (မြန်မာဘာသာပြန်)Where stories live. Discover now