အခန်း ၁၄

487 57 0
                                    

မြွေနက်သည် အလွန်ဉာဏ်မကောင်းပေ။ သူသည် စစ်မာကျောင်းကို ကြောက်ရွံ့သော်လည်း ပြဿနာကြုံသောအခါ သူ့ဆီကို လာဆဲပင်။ သူသည် နှစ်ပေါင်းများစွာ အသက်ရှင်ခဲ့ပြီး စစ်မာကျောင်းအပြင် သူ့ကို အစာကျွေးသူမှာလျောင်ထင်ယန့်ဖြစ်သည်။ သူ့အနေဖြင့် အနာဂတ်တွင်လည်း ကောင်းမွန်သော ဝါးရေများကို ဆက်သောက်ချင်သေးသည်။ ထို့ကြောင့် သတိလစ်နေသူကို ဗဟိုမျှော်စင်ဆီသို့ အသက်စွန့်ပြီး ခေါ်လာခြင်းဖြစ်၏။

သို့သော် စစ်မာကျောင်းသည် လူများကို ကယ်တတ်သည့် စိတ်ထားကောင်းမျိုးမရှိပေ။ ‘တောက်ဓမ္မအရှင်စစ်ကျန်’ဟူသော နာမည်ကို မြည်းကတုံးအိုတစ်ယောက်က ပေးခဲ့ခြင်းပင်။ ထိုနာမည်သည် ရယ်စရာကောင်းလှသည်။ သူ့ဘဝတွင် ဘယ်တုန်းကမျှ ‘စစ်’ (*အကြင်နာတရား) ကို မပြသခဲ့ပေ။

(*မြည်းကတုံး = ဘုန်းကြီး)

သူ့ဆီကို လာပြီး နှစ်ကြိမ်မျှ ရှူးရှူးရှဲရှဲ အော်ရဲသည့် သားရဲအတွက်ပင် သူ့တုံ့ပြန်မှုမှာ လက်မြှောက်လိုက်ပြီး မြွေခေါင်းကို ရွံရှာစိတ်ဖြင့် တွန်းလိုက်ခြင်းသာ။ မြွေနက်ကြီးခမျာ အပြင်းအထန် လဲကျသွားပြီး ရုတ်တရက် မျက်နှာညှိုးငယ်သွားရသည်။ စစ်မာကျောင်းနား တွယ်ကပ်ရဲသည့် သတ္တိအကြီးကြီး မရှိသောကြောင့် တိုင်လုံးတစ်ဖက်ကို အသံတိတ်သာ တက်သွားလိုက်ပြီး သတိလစ်နေသော လျောင်ထင်ယန့်ကို မြေပြင်ပေါ်တွင် ချထားခဲ့၏။

တစ်ခဏကြာပြီးနောက်တွင် လျောင်ထင်ယန့်သည် မူးဝေဝေဖြင့် အနည်းငယ် သတိပြန်လည်လာခဲ့ပြီး ထူးထူးဆန်းဆန်း အေးစက်သော ခံစားချက်ကိုရလိုက်သည်။ သူသည် ခန္ဓာကိုယ်ကို ကျုံ့လိုက်ပြီး ဘေးနားရှိ “စောင်”ကို ဆွဲယူပြီး ခြုံလိုက်တော့သည်။ ထို့နောက် ထပ်မံလှုပ်ရှားခြင်းမပြုတော့။

စစ်မာကျောင်းက သူ့ကို ထပ်ကြည့်လာခဲ့သည်။ အနှီမိစ္ဆာသူလျှိုသည် အလွန်သတ္တိကောင်းလွန်းသည်။ သူ့ဝတ်ရုံစကို ဆွဲသွားခြင်းပင်။ သူ့အနေဖြင့် ထိုကောင်မလေးကို အဘယ်ကြောင့် ရုတ်တရက် ထပ်မံစိတ်ဝင်စားလာမှန်းမသိပေ။ သူ့လက်ဖြင့် ကောင်မလေး၏ ပါးကို ကိုင်လိုက်ပြီး ကြည့်လိုက်၏။

အရှင်သခင်အား ငါးဆားနယ်တစ်ကောင် ဆက်သခြင်း (မြန်မာဘာသာပြန်)Where stories live. Discover now