Chapter 16

1.8K 219 0
                                    

အပိုင်း (၁၆) - ပရိုဂရမ်တစ်ခုမှဖိတ်ခေါ်ခြင်း

👻👻👻

WeChat တွင်ညွှန်ပြထားသောတည်နေရာသို့ ဝမ်ကယ်ရောက်သွားသောအခါ ယင်ယွီထျန်းနှင့်ယဲ့ချင်တို့က လမ်းဘေးတစ်‌ေနရာတွင်ဆောင့်ကြောင့်က‌လေးထိုင်ကာ ဖြတ်သွားဖြတ်လာများကိုလိုက်လံငေးကြည့်နေတာကိုတွေ့ရသည်။ သူတို့နှစ်ယောက်၏သနားစရာသွင်ပြင်က ဝမ်ကယ် သကြားခဲလေးကို ပထမဆုံးမြင်တွေ့ခဲ့တုန်းကနှင့် တစ်ပုံစံတည်းပင်။

သူအဝေးမှလှမ်းလာတာမြင်တော့ ယင်ယွီထျန်း၏ငိုမဲ့မဲ့မျက်နှာက ချက်ချင်းဝင်းခနဲတောက်ပသွားသည်။ ထို့နောက် ဒုက္ခတွင်းမှလွတ်မြောက်၍ ဘဝသစ်တစ်ဖန်ပြန်လည်မွေးဖွားလာသည့်အလား အနားပြေးလာကာ ဝမ်ကယ်အား ငိုကြီးချက်မဖြင့်ပွေ့ဖက်လေတော့သည်။

"ရှောင်ကယ်၊ ဝူးဝူးဝူး၊ မင်းရှိလို့တော်သေးတာပေါ့၊ ငါနဲ့ချင်ချင်မှာလေ ဒီနေ့ညဂျာမနီလမ်းမတွေပေါ် ညအိပ်ရပြီမှတ်နေတာ၊ ဝူးဝူးဝူး။"

ယင်ယွီထျန်းက ဝမ်ကယ်ကိုဖက်၍ငိုလေသည်။ ယဲ့ချင်ကလည်း မျက်လုံးများနီရဲလျက်သား။ အကယ်၍ ဝမ်ကယ်သာစက္ကန့်နည်းနည်း‌အရောက်နောက်ကျခဲ့လျှင် ယဲ့ချင်ပါ ယင်ယွီထျန်းနှင့်အတူထိုင်ငိုနေမည်ပုံပေါ်သည်။

"မင်းတို့မှာ ဘာသာပြန်ပါလာတယ်မဟုတ်လား။"

ဝမ်ကယ် ယင်ယွီထျန်းငိုသံကြီးကြောင့် ခေါင်းကိုက်သွားသည်။ ယင်ယွီထျန်းကတော့ ကြောက်လန့်နေဆဲဖြစ်ကာ စိတ်ပျက်စရာကောင်း‌လောက်အောင် အကျယ်ကြီးအော်ငိုနေသည်။ ဝမ်ကယ်လည်းရွေးစရာမရှိသည့်အဆုံး ထိုငှက်ဆိုးထိုးသံကြီးကို ကြိတ်မှိတ်သည်းခံကာ ယင်ယွီထျန်းကိုနှစ်သိမ့်ပေးရသည်။

ယင်ယွီထျန်းက ကြို့ထိုးသည်အထိ ရှိုက်ကြီးတငင်ငိုကြွေးနေသည်။ သူကအကျယ်ကြီးအော်ငို‌ေနတာကြောင့် ဝမ်ကယ့်စကားကိုသေချာမကြားသလို ဘာမှလည်းပြန်မဖြေလာပေ။ သို့သော် ဘေးတွင်ရပ်နေသည့်ယဲ့ချင်က နှာတစ်ချက်ရှုံ့ကာ ပြောလာသည်။

"အစက ကျွန်တော်တို့သူ့နောက်ကလိုက်လာတာ။ နောက်တော့ အစ်ကိုထျန်းက ဟော့ဒေါ့‌ေရာင်း‌တဲ့ လမ်း‌ဘေးဆိုင်‌ေလးတစ်ဆိုင်‌တွေ့လို့ ကျွန်ဝောာ်တို့ နည်းနည်းဗိုက်ဆာတာနဲ့ တစ်ခုလောက်သွားဝယ်တာ။ ဒါပေမဲ့ ဝယ်ပြီးပြန်လာတော့ သူတို့‌တစ်ယောက်မှမရှိတော့ဘူး။"

ချိုလွန်းလှတဲ့ငါ့ CP [Entertainment Circle] (Completed)Where stories live. Discover now