အချပ်ပို (၁) / အခ်ပ္ပို (၁)

1.8K 164 5
                                    

အချပ်ပို (၁) - တောက်တိုမယ်ရအလုပ်များနှင့်လေ့ကျင့်ခန်းလုပ်ခြင်း

👻👻👻

အခန်းအတွင်း၌ နံရံကပ်လေအေးပေးစက်သံ ခပ်တိုးတိုးထွက်ပေါ်နေသည်။လေအတိုက်တွင် ဟနေသည့်ခန်းစည်းလိုက်ကာကြားမှ နံနက်ခင်းနေရောင်ခြည်တချို့က အိပ်ရာပေါ်ကျရောက်လျက်ရှိသည်။

ဝမ်ကယ် အနမ်းခံရတာကြောင့်အိပ်ရာနိုးလာသည်။ သူအိပ်နေတုန်းနှုတ်ခမ်းထောင့်၌ ရင်းနှီးသောအနွေးဓာတ်လေးကိုခံစားမိတော့ သူ့ခန္ဓာကိုယ်က အနွေး‌ဓာတ်ရှိရာဆီအလိုလို‌တိုးကပ်သွားသည်။ သူ့ဘက်ကစ၍အနားတိုးသွားတော့ ပေါ့ပါးသည့်အနမ်းများက တဖြည်းဖြည်းပိုမိုနက်ရှိုင်းသွားသည်။ အဆုတ်ထဲတွင်လေများကုန်ခမ်းလာမှ ဝမ်ကယ်မဖွင့်ချင်ဖွင့်ချင်နှင့် မျက်လုံးများဖွင့်လိုက်သည်။

"မောနင်း။"

ဝမ်ကယ်နိုးလာတာမြင်တော့ ကုန်းကျယ် ဝမ်ကယ့်နှုတ်ခမ်းများပေါ်မှခွာကာ ဝမ်ကယ့်ခေါင်းကိုမှီပြီး ညင်သာစွာပြုံးလိုက်သည်။

"မောနင်း။"

ဝမ်ကယ်က အိပ်ချင်မူးတူးပြန်ပြောပြီး အိပ်ရာထဲပြန်ကွေးလိုက်သည်။ ထို့နောက် ကုန်းကျယ်ရင်ဘတ်ကိုမျက်နှာအပ်ပြီး မျက်လုံးများမှိတ်ကာပြောလိုက်သည်။

"ငါဗိုက်ဆာတယ်။"

"ကောင်းပြီ၊ ငါမနက်စာသွားပြင်ပေးမယ်။"

ကုန်းကျယ်ပက်လက်လှန်ကာ ကုတင်တစ်ဖက်တွင်ပြန်လှဲ‌လိုက်သည်။ ထို့နောက်သူက ဝမ်ကယ်၏နူးညံ့သောပွယောင်းယောင်းဆံစလေးများကိုပွတ်သပ်ကာမေးလိုက်သည်။

"မင်းရော။ ထပ်အိပ်ဦးမှာလား ထမှာလား။"

ဝမ်ကယ် သန်းဝေပြီးထထိုင်သည်။

"ထတော့မယ်၊ ငါမင်းနဲ့နေချင်လို့။"

"ကောင်းပြီ။"

ကုန်းကျယ်တစ်ယောက် မျက်နှာပေါ်ကအပြုံးကိုမဖုံးနိုင််မဖိနိုင်ဖြစ်ကာ မနေနိုင်ဘဲဝမ်ကယ်ကိုထပ်နမ်းလိုက်သည်။

ထို့နောက် သူတို့နှစ်‌ဦး ရေချိုးခန်းထဲအတူလျှောက်သွားသည်။ ဘေစင်ထောင့်၌ ကင်မရာအချို့တပ်ထားတာမြင်တော့ ဝမ်ကယ်ခဏအံ့အားသင့်သွားသည်။ နောက်တော့ သူတို့နှစ်ယောက် အစီအစဉ်တစ်ခုရိုက်ကူးနေမှန်းသတိရသွားကာ ခုနအိပ်ရာထဲက သူ၏ရဲတင်းသည့်လုပ်ရပ်များကိုပြန်အမှတ်ရပြီး အနည်းငယ်ရှက်သွားသည်။

ချိုလွန်းလှတဲ့ငါ့ CP [Entertainment Circle] (Completed)Where stories live. Discover now