Chapter 9

2.2K 302 2
                                    

အပိုင်း (၉) - မင်းယောကျာ်း

👻👻👻

ဝမ်ကယ် ဘယ်သူ့ထံဖုန်းအရင်ခေါ်ရမည်ကို ခက်ခက်ခဲခဲအကြာကြီးစဉ်းစားပြီး နောက်ဆုံးတွင် ကုန်းမိသားစုမားမား၊ပါးပါးထံ အရင်ဖုန်းခေါ်ရန်ဆုံးဖြတ်လိုက်သည်။ ဖုန်းဝင်သွားပြီး စက္ကန့်ပိုင်းလောက်ကြာတော့ ကင်မရာရှေ့တွင် ငယ်ရွယ်ချောမောသည့်အမျိုးသမီးတစ်ဦးပေါ်လာသည်။ သူ(မ)တွင် မျက်ခုံးစင်းစင်းများရှိသည်။ သူ(မ)တစ်ကိုယ်လုံး၌ ကျောက်မျက်ရတနာများဝတ်ဆင်ထားသည့်တိုင် တောဆန်သည့်ပုံမပေါက်ပေ။ အမျိုးသမီးက ကင်မရာရှေ့၌ အလွန်နှစ်လိုဖွယ်ပြုံးကာ ညင်သာ‌စွာခေါ်လိုက်၏။

"ထုန်ထုန်၊ ဘာလို့အမေတို့ကို ဒီအချိန်ကြီးဖုန်းဆက်တာလဲ။ ဒီနေ့အလုပ်မသွားရဘူးလား။"

ဝမ်ကယ်က 'အမေ' ဟုအရင်နှုတ်ဆက်လိုက်ပြီးနောက်ရှင်းပြသည်။

"ကျွန်တော် ခုတလောအနားယူနေတာ။ ခုပဲထမင်းစားပြီးတယ်။"

ကုန်းမားမားက ဗွီဒီယိုထဲကနေ သားဖြစ်သူကိုကြည့်ကာ စိတ်မကောင်းဖြစ်ဟန်ဖြင့်:

"ပိန်သွားတယ်နော်၊ ခုတလောအလုပ်တွေအရမ်းပင်ပန်း‌နေလား။"

"အဆင်ပြေပါတယ်။"

ဝမ်မားမားကလည်း သူ့သားအသံကြားတော့ သူ(မ)ပါ အနားရောက်လာသည်။ ထို့နောက် အမေနှစ်ယောက်စလုံးက ဝမ်ကယ်ပိန်သွားကြောင်း၊ ပင်ပင်ပန်းပန်းအလုပ်တွေလုပ်နေရကြောင်းစသဖြင့် သူတစ်ခွန်းငါတစ်ခွန်းပြောဆိုကြတော့သည်။ သူတို့က ဝမ်ကယ့်မျက်နှာသေးသေးလေးကိုကြည့်ကာ မျက်နှာချောင်ကျသွားကြောင်းထပ်မံပြောဆိုကြပြီး ငိုမတတ်စိတ်မကောင်းဖြစ်‌လာကြသည်။

ဝမ်ကယ်လည်း ရယ်ရခက်ငိုရခက်ဖြစ်ကာ သူတို့နှစ်ဦးအား သူကပိန်သွားသော်လည်း ကျန်းမာရေးကောင်းကြောင်း အခါခါနှစ်သိမ့်စကားဆိုရသည်။

သူတို့လေးဦးသည် ယခု အာဂျန်တီးနားရှိ ဥဆွာဝါယားမြို့တွင်ရောက်ရှိနေပြီး နောက်တစ်နာရီနေလျှင် အန္တာတိကသို့အပျော်စီးသင်္ဘောဖြင့်စတင်ထွက်ခွာမည်ဖြစ်သည်။ ဝမ်ကယ်က အန္တာတိကရှိအခြေအနေများကိုရှာဖွေကြည့်ထားတာကြောင့် ခရီးတလျှောက်ဂရုစိုက်ဖို့ သူတို့ကိုမှာနေသည်။

ချိုလွန်းလှတဲ့ငါ့ CP [Entertainment Circle] (Completed)Where stories live. Discover now