Chapter 20

1.6K 206 12
                                    

အပိုင်း (၂၀) - မယားကြောက်

👻👻👻

မားမားကုန်းက ကုန်းကျယ်ကိုပြောဆိုနေစဉ် မာနကြီးတစ်ခွဲသားနှင့်ဩဇာပေးနေသော်လည်း ဝမ်ကယ်ယခုလိုပြောလာတော့ သူ(မ)လေသံက ချက်ချင်းပျော့‌ေပျာင်းသွားသည်။ သူ(မ)က ပြုံးချိုစွာ‌ဖြင့်

"အင်းပါ၊အင်းပါ။ အမေမပြောတော့‌ဘူး။ ဒီလောက်အကြာကြီးလေယာဉ်စီးလာတာပင်ပန်းနေရောပေါ့။ ခဏနေအိမ်ရောက်တော့မယ်။ သားအဖေတွေက သားအတွက်ကြိုဆိုပွဲလုပ်ပေးဖို့ စားပွဲအပြည့်ဟင်းတွေချက်ထားတာ။"

"ကျွန်တော့်အတွက်ရော"

ကုန်းကျယ်ကတစ်ခွန်းဖြတ်ပြောလိုက်သည်။

မားမားကုန်းက ချက်ချင်းမျက်နှာထားပြောင်းသွားကာ:

"ဘာလို့နေရာတကာဝင်ပါနေတာလဲ။ကားကိုပဲ ကောင်းကောင်းမောင်းလို့မရဘူးလား။"

ကုန်းကျယ်နှုတ်ခမ်းများကွေးသွားကာ နောက်ကြည့်မှန်ကိုလှမ်းကြည့်လိုက်သည်။ ဝမ်ကယ်ကလည်းမှန်ထဲမှတစ်ဆင့်သူ့ကိုကြည့်နေသည်။ ကုန်းကျယ်ကဒါကိုမြင်တော့ အလွန်စိတ်‌မကောင်းဖြစ်သွားသည့်ဟန်လုပ်ပြလိုက်သည်။ ဝမ်ကယ်ရယ်ကာ အမေနှစ်ယောက်စကားပြောနေတုန်းလူအလစ်၌ နှုတ်ခမ်းလေးဆူကာ ကုန်းကျယ်ဆီအနမ်း(fly kiss)များလှမ်းပေးလိုက်သည်။

ခြံဝန်းငယ်တစ်ခုအတွင်းသို့ ကားမောင်းဝင်လာသည်နှင့် အဖေနှစ်ယောက်အိမ်ထဲမှပြေးထွက်လာသည်။ အဖေနှစ်ယောက်နောက်မှ အသက်(၁၄)နှစ်၊ (၁၅)နှစ်အရွယ်ကောင်လေးတစ်ယောက်လည်းပါလာသည်။ သူက သူတို့ကိုစိတ်လှုပ်ရှားစွာလက်ဝှေ့ယမ်းပြနေသည်။

ဝမ်ကယ်အိမ်ထဲဝင်သည်နှင့် သူ့ခမျာ ခုလေးတင်အမေနှစ်ယောက်လက်မှလွတ်လာရုံရှိသေး၊ အဖေနှစ်ယောက်လက်ထဲသို့ ကျရောက်သွားပြန်သည်။ မျက်လုံးမျက်ခုံးကောင်းကောင်းနှင့် ထက်မြက်ပုံ‌ရသောအမျိုးသားနှစ်ဦးက သက်လတ်ပိုင်းအရွယ်အန်တီကြီးများကဲ့သို့ ဝမ်ကယ်ကိုဆွဲခေါ်သွားပြီးမေးခွန်းများမေးကြသည်။

ကုန်းကျယ် ခရီးဆောင်အိတ်များသယ်ကာအိမ်ထဲဝင်လာပြီး အဖေနှစ်ယောက်ကိုနှုတ်ဆက်လိုက်သည်။ သို့သော် သူ့ခမျာ မျှော်လင့်ထားသလိုနွေးထွေးစွာခရီးဦးကြိုပြုခြင်းမခံရပေ။ သို့နှင့် သူပုခုံးတွန့်ကာ ဘက်လိုက်သောမိဘများအကြောင်းအတင်းတုပ်ဖို့ ဆယ်ကျော်သက်အရွယ်ကောင်လေးနားသွားထိုင်လိုက်သည်။
  
"အစ်ကိုကျွမ်းကျွမ်း၊ ကျွန်တော်အစ်ကို့ကိုတွေ့တိုင်း တစ်စက္ကန့်လောက်ဖြစ်ဖြစ် အစ်ကို့အတွက်စိတ်မကောင်းဖြစ်ရတယ်။"

ချိုလွန်းလှတဲ့ငါ့ CP [Entertainment Circle] (Completed)Where stories live. Discover now