Chapter 15

1.7K 223 0
                                    

အပိုင်း (၁၅) - ရှက်စရာအတိတ်

👻👻👻

ကုန်းကျယ်က ခပ်တည်တည်ပင်ပြုံးနေသည်။ ဝမ်ကယ်ကတော့ သူ့လိုတည်ငြိမ်စွာရင်ဆိုင်ဖို့ဝေးစွ၊ ခုနကတစ်ကြိမ်လူအများအာရုံစိုက်ခံထားရသည့်အပြင် အခုလည်းသူတို့နောက်မှာလူတွေအများကြီးဝိုင်းကြည့်နေကာ စသလိုနောက်သလို လေချွန်သံများပင်ကြားလိုက်ရတာကြောင့် ချက်ချင်းမျက်နှာနီမြန်းကာ ခေါင်းမဖော်နိုင်ဖြစ်သွားသည်။

ကုန်းကျယ်လည်း ငွေရှင်း၍ အထုပ်အပိုးများသယ်ကာ မျက်နှာတစ်ခုလုံးသွေးထွက်မတတ်နီမြန်းနေသောသူ့ချစ်သူ‌ေလးကို စူပါမားကတ်ထဲမှအမြန်ခေါ်ထုတ်လာသည်။

သူတို့ပြန်ထွက်လာသည့်အချိန် လိုင်း၏နောက်ဆုံးတွင်တန်းစီနေသော တရုတ်လူမျိုးမိန်းကလေးတစ်ယောက်က သူတို့နှစ်‌ေယာက်ကျောပြင်ကိုကြည့်ကာ တွေဝေမှင်တက်သွားသည်။

"ငါ ကုန်းကျယ်နဲ့ဝမ်ကယ်ကို မြင်လိုက်သလိုပဲ။"

မိန်းကလေးက အကြာကြီးကြည့်‌ေနပြီးမှ ဘေးကသူငယ်ချင်းအဖော်ကိုလက်တို့၍ အခိုင်အမာပြောလိုက်သည်။

"ဘယ်သူလဲ။"

မိန်းကလေး၏သူငယ်ချင်းအဖော်က တစ်ချိန်လုံးဂိမ်းဆော့နေသည်။ ထို့ကြောင့် အရှေ့ဘက်လူအုပ်ထဲတွင်ဖြစ်ပျက်သွားသည်များကို သတိမထားမိလိုက်ပေ။

"ကုန်းကျယ်နဲ့ဝမ်ကယ်‌။"

မိန်းကလေးက ထပ်ပြောသည်။ သူ(မ)စကားကိုကြားတော့ သူငယ်ချင်းအဖော်ဖြစ်သူကဖုန်းကို‌ချကာ မိန်းကလေးနဖူးကိုလက်နှင့်စမ်းကြည့်ပြီး အရူးတစ်ယောက်ကိုကြည့်သလိုကြည့်ကာပြောလိုက်သည်။

"နင်ဟာလေ နင့်မင်းသားနတ်ဘုရားတွေအကြောင်း အတွေးလွန်ပြီရူးများသွားသလား။ ဒီနေရာကဂျာမနီလေ။ သူတို့က ဘယ်လိုလုပ်ဒီနေရာရောက်လာမှာလဲ။ နောက်ပြီး ကုန်းကျယ်နဲ့ဝမ်ကယ်အတူတူထွက်လာဖို့ နင်မို့လို့တွေးရဲတယ်။ ငါတော့ အိမ်မက်ထဲတောင် အဲ့လိုထည့်မမက်ရဲဘူး။"

"ငါလည်း ဒါလုံးဝမဖြစ်နိုင်မှန်းတွေးမိပါတယ်။ ဒါပေမဲ့ ငါက ငါးနှစ်တိတိ သူတို့နှစ်ယောက်ရဲ့အမာခံဖန်‌လုပ်လာတာ။ နောက်ကျောကြည့်ရုံနဲ့ အဲ့ဒါသူတို့မှန်းသေ‌ချာသိတယ်။ နင် ငါ့ဦးနှောက်ကိုမယုံရင်နေ။ ငါ့မျက်လုံးတွေကိုတော့ နင်မယုံလို့မရဘူး။"

ချိုလွန်းလှတဲ့ငါ့ CP [Entertainment Circle] (Completed)Where stories live. Discover now