Review Sample

607 21 0
                                    

တကယ်လို့ ရေးတဲ့ဝတ္ထုကတစ်ခု paid ဝင်ချင်တဲ့ဝတ္ထုကတစ်ခုဖြစ်နေရင်လည်း ရပါတယ်ရှင့်။ review ရေးထားတဲ့ဝတ္ထုရဲ့ဈေးနှုန်းအတိုင်း ဈေးလျှော့ပေးမှာပါ။

Review ကို ဒီလိုမျိုးရေးပေးရမှာပါ။

~~~

[တကယ်လို့ မင်းကိုယ့်ကို ဘယ်တုန်းကမှမချစ်ခဲ့ဘူးဆိုရင်တောင်၊ မင်းချစ်တဲ့အခြားတစ်ယောက်က သက်သက်ရှိနေတယ်ဆိုရင်တောင်၊ မင်းရဲ့ ချိုသာတဲ့စကားလုံးတွေနဲ့ ယုယမှုတွေက အကြောင်းတစ်ခုခုကြောင့်ဖြစ်နေမယ်ဆိုရင်တောင် ကိုယ်ကတော့ မင်းကို နှလုံးသားတစ်ခုလုံး ပေးထားပြီးသားပါပဲ။]

Name : Bigboss ရဲ့အချစ်ဦးလေး (Shuttering Bigboss’s White Moonlight)
Chapters : 68 chapters + 8 extras
Genres : Rebirth,Romance

ဝတ္ထုခေါင်းစဉ်လေးအတိုင်းပဲ နေရာတကာမှာ လွှမ်းမိုးနိုင်တဲ့ CEO မစ္စတာကုနဲ့ သူ့ဇနီးချောလေး မစ္စကုတို့နှစ်‌ယောက်ကြားက အေးအေးလေးနဲ့စီးဆင်းနေတဲ့ စမ်းချောင်းလေးတစ်ခုလို ချစ်ခြင်းမေတ္တာတွေကို စာရေးသူနန်လင်းယီပေ့က ပုံဖော်ထားတာပါ။

ML - ကုမြောင်
FL - ချန်ချူ

‌ဒီဝတ္ထုထဲမှာတော့ ရေခဲတုံး ML ကိုပြန်လိုက်မဲ့ ချစ်စရာမီးပွား‌လေးလို FL ကိုတွေ့ရမှာပါ (⁠。⁠•‌⁠ᴗ⁠-⁠)⁠✧

ချန်ချူဆိုတာ လူတိုင်းကအသိအမှတ်ပြုထားရတဲ့ အလှတရားလေး။ အရမ်းကိုလှရက်လွန်းလို့ ‌စိတ်သောကဖိစီးနေတဲ့အချိန်မှာတောင် တစ်မျိုးလေးလှတယ်လို့ သူ့အလှကို အရင်မြင်ကြတဲ့အထိကို လှတာ။

ကုမြောင်ကတော့ လူတကာရှိန်လောက်တဲ့ လုပ်ငန်းရှင်သူဌေး မစ္စတာကုပေါ့။ တော်လည်းတော်၊ ထက်လည်းထက်မြက်ပြီး ဆုံးဖြတ်ချက်ပြတ်သားတဲ့လူ။

သူတို့နှစ်ယောက်က လုပ်ငန်းသဘောအရ လက်ထပ်ထားခဲ့တာ။ ဒါက ချန်ချူ့အထင်ပေါ့လေ။ သူတို့လက်ထပ်ပြီးတော့ သုံးလအကြာမှာဖြစ်တဲ့ ကားမတော်တဆမှုမှာ ကုမြောင်က ချန်ချူကို ကာကွယ်ပေးရင်း ဆုံးပါးသွားခဲ့တယ်။ မတော်တဆမှု‌အပြီးမှာ ချန်ချူမထင်ထားခဲ့ဘဲ သိလိုက်ရတာက အမြဲလိုလိုအေးစက်တည်ကြည်တဲ့ သူ့ယောက်ျားက တကယ်တမ်းမှာတော့ ဟိုးအရင်ကတည်းက သူ့ကိုချစ်နေခဲ့တယ်ဆိုတာပဲ။

အဲ့လိုနဲ့ အကြောင်းတိုက်ဆိုင်ပြီး ပြန်လည်မွေးဖွားလာတဲ့ ချန်ချူက ဒီတစ်ခါမှာတော့ သူ့ဘက်ကနေ ကုမြောင်အပေါ်ကို ကောင်းကောင်းဆက်ဆံပေးမယ်လို့ ဆုံးဖြတ်လိုက်ပါလေရော။ သူမသိထားသေးတဲ့ ကုမြောင်က ဘယ်လိုလူမျိုးဖြစ်မလဲဆိုတာ ချန်ချူနဲ့အတူတူရင်ခုန်ရမှာပါ။

ဒီ Novel မှာ ကိုယ်မထင်ထားတာက ML က တော်တော်သဘောကျဖို့ကောင်းတဲ့ Character ဖြစ်နေတာပဲ။ကုမြောင်က ငယ်ငယ်တုန်းက ကိစ္စကြီးတစ်ခုနဲ့ကြုံပြီးတော့ စကားပြောရင် ထစ်နေတတ်တာ။ ပြီးတော့ အလှနတ်သမီးလေးကို ကြိတ်ပြီးသဘောကျနေရတဲ့ ပုံတုံးကောင်လေးဆိုတော့ သူ့မှာက  ချန်ချူနဲ့သူက မတန်ဘူး၊မလိုက်ဖက်ဘူးဆိုတဲ့ inferior complex ရှိတယ်။ ဒါပေမဲ့ ချန်ချူကြောင့်ပဲ သူက တဖြည်းဖြည်းချင်း ပြောင်းလဲသွားပြီးတော့ အရွယ်ရောက်ပြီး ရင့်ကျက်လာတာ။အရမ်းလည်းရှက်တတ်တာနော်။ ချန်ချူက သူ့ကိုတစ်ချက်လောက်ကြည့်လိုက်တာနဲ့ သူ့ရင်ထဲ ကုလားဘုရားလှည့်သလို ဖြစ်နေပြီ 😆

ချန်ချူဆိုရင်လည်း အရင်က မာနကြီးကြီး ကောင်မလေးဆိုပေမဲ့ အများကြီးပြောင်းလဲသွားပြီး ဖတ်နေရင်းနဲ့ကို ပိုပိုပြီးတော့ သဘောကျဖို့ကောင်းလာတာ။ သူ့မှာက ကုမြောင်ကို သူကာကွယ်ပေးရမယ်ဆိုတဲ့ အတွေးတွေကအပြည့်ပဲ၊ အရမ်းနွေးထွေးတဲ့ နေရောင်ခြည်လိုကောင်မလေး။ ချန်ချူကို ကုမြောင်က တုန်နေအောင်ချစ်တာလည်း ပြောမနေနဲ့၊ ချန်ချူကိုယ်တိုင်က တကယ်ကိုအဖိုးတန်လေးကိုး။ သူက ခပ်သွက်သွက်လေးဆိုတော့ ဇာတ်လမ်းထဲမှာ သူ့ဒိုင်ယာလော့ပါလာရင်ကို ဖတ်လို့ကောင်းနေပြီ။ ချန်ချူ့အ‌တွေးထဲမှာ ကုမြောင်ကိုကြည့်ပြီး‌ ချစ်ဖို့ကောင်းတယ်ဆိုတာချည်းပဲ။ ပြန်မွေးဖွားလာတဲ့အချိန်မှာ သူကချည်း ကုမြောင်ကိုလိုက်နေတာ။ ကုမျိုရိုးက မငြင်းပေမဲ့ အသေတွေရှက် 🤣

ချန်ချူကလေ သူ့ကိုယ်သူ ကုမြောင်ကို မချစ်ဘူးလို့ထင်နေတာ။ ဒါပေမဲ့ သူ့အတွေးထဲမှာတော့ ကုမြောင်က living rent free ပဲ။ လူတွေအများကြီး သူ့အနားရှိနေရင်တောင် ကုမြောင်ကိုပဲ ရှာနေတာ။ ဟိုဆရာကုကိုတော့ ပြောမနေနဲ့တော့၊ ရင်ခုန်ရလွန်းလို့ ရူးသွားလောက်တယ်ဆိုတာ သူမှသူအစစ်။ ကောင်မလေးက မြောင်ကောလို့ တစ်ချက်ခေါ်လိုက်ကြည့်  အားလုံးနင့်သဘောဆိုပြီး ဘာပြောပြောခေါင်းညိတ်ပြီ။ ချန်ချူကို သဝန်တိုတာလည်းအရမ်းပဲ။ ဒါပေမဲ့ သူသဝန်တိုနေတာကိုက ချစ်စရာလေး 😆💕

Romance ဆိုတော့ Plot အကြီးကြီးမပါပေမဲ့ FL နဲ့ ML ကပဲ မပျင်းရအောင် ၀တ္ထုတစ်ပုဒ်လုံးကို ဆွဲခေါ်သွားတာ။ ဖတ်နေရင်းနဲ့ ကိုယ်တိုင်ရည်းစားရသွားသလိုပဲ။‌ ခွေးစာကိုလည်း အဝစားရမှာ။ သူတို့ extra မှာ ဘေဘီလေးလည်း ပါသေးတယ်။ ကုမျိုးရိုးလေး ကုဟန်တဲ့။တို့မြောင်ကောက သားကိုပါအူတိုတာ 😆

ကုမြောင်က သူ့တစ်ဘဝလုံးမှာ ချန်ချူတစ်ယောက်တည်းကိုပဲ ချစ်မြတ်နိုးခဲ့ပြီးတော့ သူ့ပဲ့ကိုင်ရှင်၊ သူ့နှလုံးသားတစ်ခုလုံးက ချန်ချူ့အပိုင်ဆိုပြီး ပုံအပ်ထားတဲ့လူပါ ♥️ စာရေးသူနန်လင်းယီပေ့ရဲ့ စကားအရဆိုရင်

[ကုမြောင်အတွက်တော့ ချန်ချူက သူ့နှလုံးသားထဲမှာ အမြဲသာနေမဲ့ လမင်းကြီးပါပဲ]တဲ့ 💕

Overall ညွှန်းရရင်တော့ ဒီ Novel က ချိုချိုချဥ်ချဥ်သရက်သီးပန်ကိတ်လေးလို အရသာလေးမို့ light read ဒါမှမဟုတ် fluffy ဖြစ်တာလေးတွေဖတ်ချင်ရင် အရမ်းသင့်တော်ပါတယ်။

MM Translator – Aurora Team

ချိုလွန်းလှတဲ့ငါ့ CP [Entertainment Circle] (Completed)Where stories live. Discover now