Chapter 18

1.6K 199 0
                                    

အပိုင်း (၁၈) - လူသိရှင်ကြားထုတ်ပြောချင်တယ်။

👻👻👻

ကုန်းကျယ်ရယ်လိုက်၏။ ထို့နောက် သူစိတ်မကောင်းဖြစ်ကာ အချစ်တုံးလေးကိုပွေ့ချီပြီး ထမင်းစားခန်းထဲဝင်သွားသည်။ လူကိုထိုင်ခုံပေါ်တင်ပြီးနောက် ထမင်းပန်းကန်လုံးကိုင်ကာ သူကိုယ်တိုင် တစ်လုတ်ချင်းခွံ့ကျွေးလိုက်သည်။

ဝမ်ကယ်က ထိုင်ခုံနောက်မှီပြီး တီဗွီတွင်ပြနေကျလူမမာများကဲ့သို့ အားအင်ချည့်နဲ့ဟန်အတုခိုးကာ ပါးစပ်ကိုဖြည်းညင်းစွာဟ၍ ဖြည်းဖြည်းချင်းမျိုချလိုက်သည်။ ဝမ်ကယ်ဟန်လုပ်နေမှန်းသိသော်လည်း ကုန်းကျယ်က အလွန်လိုက်လျောညီထွေတုံ့ပြန်ပေးသည်။ ထမင်းတစ်လုံးနှင့် ကြက်စွပ်ပြုတ်တစ်ပန်းကန်ခွံ့ပြီးနောက် ကုန်းကျယ် တစ်ရှူးယူကာ ဝမ်ကယ်ကိုပါးစပ်သုတ်ပေးပြီး မေးလိုက်သည်။

"သခင်လေး၊ ဒီထမင်းတစ်နပ်စားရတာ ပျော်ရဲ့လား။"

"ပျော်တယ်။"

ဝမ်ကယ်က ကုန်းကျယ်ပြုစုသည်ကို ပျော်ပျော်ကြီးခံစားကာ သက်တောင့်သက်သာရှိလွန်းသဖြင့် မျက်လုံးလေးများပင်မှေးနေသည်။

"ဗိုက်ဝပြီမလား။"

ကုန်းကျယ် ဝမ်ကယ်ကိုကြည့်နေသည်။ သူ့မျက်ဝန်းများက အခြားရည်ရွယ်ချက်တစ်စုံတစ်ရာရှိနေပုံရသည်။

"အင်း၊ ဝပြီ။"

ဝမ်ကယ် မျက်လုံးများမှိတ်ကာ ခေါင်းညိတ်ပြလိုက်သည်။

"ဒါပေမဲ့ ကျွန်တော်ကတော့ဆာနေတုန်းပဲ သခင်လေးရဲ့။"

ကုန်းကျယ်က ဝမ်းနည်းကြေကွဲစွာပြောလိုက်၏။

ဝမ်ကယ် မျက်လုံးဖွင့်လာကာ သူ့ကိုတစ်ချက်လှမ်းကြည့်ပြီး:

"မင်းအခုလိုပြုစုတာကိုထောက်ထားပြီး၊ ဒါတွေအားလုံး မင်းအတွက်ဆုချလိုက်မယ်။"

ဝမ်ကယ်က ကျန်ရှိနေသောစားပွဲအပြည့်ဟင်းပွဲများကိုလက်ညှိုးထိုးကာ ရက်ရောစွာလက်ဝှေ့ယမ်းပြသည်။

ကုန်းကျယ်ကပြုံးပြီး မျက်လုံးပုတ်ခတ်ပုတ်ခတ်လုပ်ကာ:

"သခင်လေး၊ ကျွန်တော်စားချင်တာဒါမဟုတ်ဘူး။"

ချိုလွန်းလှတဲ့ငါ့ CP [Entertainment Circle] (Completed)Where stories live. Discover now