Chapter 25

1.3K 190 1
                                    

အပိုင်း (၂၅) - အိပ်ရာဝင်အနမ်းလေးလိုချင်တယ်

👻👻👻

"အစ်ကိုဝမ်၊ ယင်ဟန်ကိုသတိထား။"
 
ဝမ်ကယ်ဒီစကားကြားတော့အံ့ဩသွားကာ ယွီရန်ကိုနားမလည်သလိုပြန်မေးသည်။

"ဘာလို့အဲ့လိုပြောတာလဲ။ သူမင်းကိုစော်ကားထားတာရှိလို့လား။"

ယွီရန်ကခေါင်းခါပြပြီး လက်ချောင်းများကိုအင်္ကျီထဲထည့်ကာအကြိမ်အနည်းငယ်လုံးချေလိုက်သည်။ ထို့နောက် ခဏချီတုံချတုံဖြစ်ပြီးပြောလိုက်သည်။

"ယင်ဟန်၊ သူကလေ အစ်ကိုနဲ့အစ်ကိုကုန်းတို့လိုအတူတူပဲ။"

"အတူတူပဲ?"

ဝမ်ကယ်စိတ်ထဲရှုပ်ထွေးသွားပြီးနောက် ခဏကြာဝောာ့ ရှင်းရှင်းလင်းလင်းနားလည်သွားသည်။

"မင်းပြောတာက သူလည်းပဲ....."

နောက်ပိုင်းစကားများကိုဆက်မပြောဖြစ်တော့ပေ။ သို့သော် သူတို့နှစ်ဦးစလုံး ဘာကိုဆိုလိုမှန်းနားလည်လိုက်သည်။

ယွီရန်ကခေါင်းညိတ်ပြ၏။ ဒီတစ်ခေါက်တော့ သူ့လေသံကပိုတိုးသွားကာ ဝမ်ကယ့်နားရွက်နားလက်အုပ်ပြီး တီးတိုးပြောလိုက်သည်။

"ကျွန်တော့်အေးဂျင့်နဲ့သူ့အေးဂျင့်က သူငယ်ချင်းတွေ၊ တစ်ခါတုန်းက ယင်ဟန်ရဲ့အေးဂျင့်ကအရက်မူးပြီး ကျွန်တော့်အေးဂျင့်ကိုမတော်တဆထုတ်ပြောဖူးတာရှိတယ်။ ယင်ဟန်ကဂေးတဲ့၊ ပြီးတော့ အနုပညာအသိုင်းအဝိုင်းထဲမှာသူသဘောကျနေတဲ့လူက အစ်ကိုတဲ့။"

ဝမ်ကယ်လုံးဝထိတ်လန့်သွားသည်။ သို့သော်သူ့စိတ်ထဲတွင်နည်းနည်းတော်သေးသည်ဟုခံစားမိသည်။ ယင်ယန်သူ့အ‌ေပါ်သဘောကျခြင်းက ကိုယ်ကြိုက်နှစ်သက်သည့်အနုပညာရှင်အပေါ် ဖန်တစ်ယောက်မှသဘောကျခြင်းမျိုးသာဖြစ်မည်ဟုသူတွေးလိုက်သည်။ သို့သော် ယင်ဟန် သူ့ကိုစကားပြောဖို့တစ်ချိန်လုံးစကားစရှာနေပုံ၊ သူနှင့်အမြဲရင်းနှီးအောင်ကြိုးစားနေပုံများကိုပြန်စဉ်းစားမိသည့်အခါ သူခုနကလိုမတွေးမိတော့ပေ။

ယွီရန်ကဆက်ပြောသည်။

"ကျွန်တော့်အေးဂျင့်ပြောတာကြားဖူးတယ်။ ယင်ဟန်ဆိုတဲ့လူက စိတ်ထဲမှာဉာဏ်နီဉာဏ်နက်အတော်များတယ်တဲ့။ အရင်ကဆို CP သတင်းထွက်အောင်လုပ်ရတာအရမ်းကြိုက်တယ်လို့ပြောတယ်။ ဒီတစ်ခေါက်သူဒီလိုမလုပ်ဖူးလို့‌ပြောရခက်တယ်။ ဘာပဲဖြစ်ဖြစ်အစ်ကိုသူနဲ့ခပ်ဝေးဝေးနေတာကောင်းတယ်။ ယင်ဟန်ရဲ့အများအမြင်ကလည်းသိပ်ကောင်းတာမဟုတ်တော့ ဒီလိုကိစ္စမျိုးကယုံချင်စရာပဲ။"

ချိုလွန်းလှတဲ့ငါ့ CP [Entertainment Circle] (Completed)Where stories live. Discover now