Chapter 3

3.6K 409 10
                                    

အပိုင်း (၃) - လျှို့ဝှက်အကြည်စိုက်ခြင်း

👻👻👻

လုစီးမင်သည် အစီအစဉ်တင်ဆက်သူများဖြစ်သော စုန့်ချောင်၊ ဖုယွဲ့ကျယ်တို့နှင့်အတူ စင်ပေါ်တက်လာသည်။

စုန့်ချောင်နှင့်ဖုယွဲ့ကျယ်တို့မှာ ရွှေအဆင့်တွဲဖက်များဖြစ်သလို အပြင်မှာလည်း စုံတွဲများဖြစ်သည်။ သူတို့နှစ်ဦးသည် ဤအစီအစဉ်၌ ပွဲဦးထွက်ခဲ့ပြီး နာမည်ကြီးလာကြသည်။ ထို့ကြောင့် "စနေနေ့တွေ့ကြမယ်အစီအစဉ်"နှင့် သူတို့နှစ်ဦးအချစ်ရေးက ကိုင်းကျွန်းမီကျွန်းကိုင်းမီဟုဆိုနိုင်သည်။ ထို့ကြောင့် နှစ်ဦးစလုံးသည် အစီအစဉ်ဆက်လက်ရှင်သန်နိုင်ရေးကို အခြားသူများထက်ပို၍စိုးရိမ်ပူပန်ကြသည်။

သူတို့လည်း လုစီးမင်၏လိမ်ညာပြောဆိုကာ လုပ်ချင်တာအရင်လုပ်ပြီးမှ နောက်ဆက်တွဲပြဿနာများကိုစဉ်းစားသည့် နောင်ခါလာနောင်ခါဈေးလုပ်ရပ်အပေါ် အလွန်စည်းမစောင့်ရာကျသည်ဟုခံစားမိကြသည်။ သို့သော် အစီအစဉ်ဆက်လက်ထုတ်လွှင့်နိုင်ဖို့အရေး လုစီးမင်၏စက်ဆုပ်ဖွယ်လုပ်ရပ်ကို သူတို့က မျက်စိမှိတ်လိုက်လျောဖို့သာ တတ်နိုင်သည်။

ကုန်းကျယ်နှင့်ဝမ်ကယ်က ဆိုဖာတစ်လုံးပေါ်အတူထိုင်ကာ ကျန်သုံးယောက်က အလယ်ဆိုဖာရှည်တစ်လုံးပေါ် ဝင်ထိုင်လိုက်သည်။

လုစီးမင်က သူတို့ကို ပရိုဂရမ်အသွားအလာများအကြောင်း ပြောပြနေသည်။ ဝမ်ကယ်က မှတ်စုစာအုပ်ကိုငုံ့ကြည့်ရင်း တိတ်ဆိတ်စွာလိုက်နားထောင်သည်။ ကျန်လူများကလည်း မှတ်စုစာအုပ်ပေါ် အသီးသီးအာရုံစိုက်နေကြသည်။ ထို့ကြောင့် မည်သူကမှ ကုန်းကျယ် ဝမ်ကယ့်ကို တစ်ချိန်လုံးစိုက်ကြည့်နေမှန်း သတိမထားမိကြပေ။ ကုန်းကျယ်က ပေါင်ပေါ်ရှိ မှတ်စုစာအုပ်ကို တစ်ရွက်မှမလှန်သလို၊ မျက်လုံးအစုံက လုစီးမင်ရှင်းပြ‌နေသည်များကို နည်းနည်းမှလိုက်နားမထောင်မှန်းသိသာသည်။

ဝမ်ကယ် ရေယူသောက်ဖို့လုပ်ရင်း ခေါင်းမော့လိုက်တော့ ကုန်းကျယ်က သူ့အားစိုက်ကြည့်နေရာမှ မျက်စိတစ်ဖက်ခိုးမှိတ်ပြလာသည်။

ချိုလွန်းလှတဲ့ငါ့ CP [Entertainment Circle] (Completed)Where stories live. Discover now