"ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဓမ္မံသရဏံ ဂစ္ဆာမိ
သံယံသရဏံ ဂစ္ဆာမိ
ဘုရား တရား သံဃာ မိဘ ဆရာ မြတ်ငါးပါးကို ရိုသေစွာ ဦးချကန်တော့ပါ၏ အရှင်ဘုရား"
ကြီးမာကျယ်ပြန့်လာသည့်ဘုရားခန်း၏အလယ်တွင်
ပုဆစ်တုပ်လျက် လက်ဆယ်ဖျာကိုကြာဖူးသဏ္ဌာန်လုပ်ထားပြီး နဖူးမှာကပ်ထားလျက်ရှိသော အသက်သုံးဆယ်အရွယ် အမျိုးသားတစ်ဦးရှိလေသည်။ထိုအမျိုးသားသည် မျက်လုံးများမှိတ်လျက် ရှိနေသော်လည်း မျက်ခွံများ လှုပ်ခတ်နေ၍ မျက်တောင်ရှည်ကြီးများ တဖြတ်ဖြတ် ရွေ့လျားနေသည်။ နှာတံချွန်ချွန်၏ အောက်တွင် အသဲပုံသဏ္ဌာန် နှုတ်ခမ်းပါးလေးလည်းရှိနေလေသည်။ထိုနှုတ်ခမ်းပါးမှ ဘုရားစာရွတ်သံသည် သတ္တလောကကြီးကို အေးချမ်းခြင်းဆောင်၍ ကြားရသူအပေါင်း ငြိမ်းအေးစေလေ၏။မနက်ခင်း မျက်လုံးပွင့်သည်နှင့် သူ၏ လက်သည် ဘေးဘက်က အိမ်သူသက်ထား ရှိမရှိစမ်းသပ်မိသည်။ပြီးမှ မျက်လုံးများကို ဖွင့်ကာ သူ့ဘေးမှာ သူအိပ်ယာထတိုင်း ရှိမနေတတ်သည့် အိမ်သူသက်ထားအား အလိုမကျစွာ မျက်မှောင်ကြုတ်မိသည်။
သူအိပ်ယာက စိတ်မြန်လက်မြန်ထကာ ရေချိုးခန်းထဲဝင်လိုက်သည်။ရေချိုးခန်း ရေကန်ဘောင်ပေါ်တွင် သွားတိုက်ဆေး အသင့်ထည့်ထားပေးသည့် သွားတိုက်တံနှင့် ဆပ်ပြာခဲမြင်ရ၍ ကြုတ်နေသည့် မျက်မှောင်များ ပြေရပြန်သည်။
ဒီနေ့ အင်္ဂလိပ်တွေနဲ့ အစည်းအဝေးရှိသည်မလား စောစော ကုမ္ပဏီသွားရမည်။
သူမျက်နှာသစ် သွားတိုက်ပြီးသည်နှင့် ရေချိုးခန်းက ပြန်ထွက်လာသည့်အခါ ကုတင်ခြေရင်းက ခုံပုကလေးပေါ်တွင် သူရုံးသွားရင် ဝတ်ဖို့ အသင့်ထုတ်ထားပေးသည့် အဝတ်အထည်များတွေ့ရလေသည်။သူအဝတ်တွေ ဖြန့်ကာ ကြည့်တော့ မြန်မာတိုက်ပုံ စတစ် နဲ့ပုဆိုးတို့ဖြစ်၍ မျက်မှောင်ကြုတ်ရပြန်သည်။
သူအဝတ်တွေ ကုတင်ပေါ် ပစ်ချကာ အခန်းထဲကထွက်လာလိုက်သည်။
"ကင်မ်ထယ်ယောင်း..."
"အားလုံး ကြားကြသမျှ အမျှ အမျှ အမျှ ယူတော် မူကြပါကုန်လော့ သာဓုသာဓုသာဓု"
YOU ARE READING
သိမ်းထားခွင့် (Complete)
Fanfictionထယ်ယောင်းရင်ထဲ ပူပင်မိတာအမှန်ပင်။ထယ်ယောင်း မောင့်ရှေ့ကို အနေအထိုင်အများကြီးဆင်ခြင်သင့်တာ သိသည်။သို့သော် မောင့်ညီမလေး အကြိုက်ကို ထယ်ယောင်း ကူးယူထားခြင်းမဟုတ် မောင့်ညီမက ထယ်ယောင်းအကြိုက်တွေ မှတ်သားထားခဲ့၍ ထယ်ယောင်း ဘယ်လို ဆင်ခြင်နေထိုင်ရမည်တကယ်မသိတော့...