ကလင် ကလင်....
လက်က လှီးလက်စ ကြက်သွန်ကိုအသာချကာ ဧည့်ခန်းဆီပြေးရသည်။ဖုန်းသံမြည်သည်နှင့် အိန္ဒြေမဆည်နိုင်အောင် ဖြစ်နေမိသည်ဟု ဒေါ်လေးတို့ လေးလေးတို့ထင်နေမှာသေချာသည်။ထင်လည်း ထယ်ယောင်းကံပေါ့။မမျှော်လို့မရဘူးလေ ကိုယ့်လင်သားတစ်ယောက် မြန်မာနိုင်ငံအလယ်ပိုင်းသို့ ခရီးသွားတာ အဆက်အသွယ်မှမရဘဲ။သတင်းစာမှာတော့ ကျောင်းသားသပိတ်တွေကို အင်္ဂလိပ်မိစ္ဆာကောင်တွေ ဖြိုခွင်းလို့ သေတဲ့သူတောင်ရှိတဲ့လေ။ရန်ကုန်မှာလည်း ထိုသတင်းကြောင့် ကျောင်းသားလူငယ်တွေအုံကြွနေကြလေရဲ့။
"ဟယ်လို.."
"ခင်ဗျားကြောက်နေသလား"
မောင့်အသံကြားမှ အသက်ကို ပျင်းပျင်း လေမှုတ်ထုတ်ကာ သက်ပြင်းချမိတော့သည်။
"မောင် အဆင်ပြေရဲ့လား"
"ကျုပ်ဖေဖေ့ကို ပြန်ခေါ်နေတာ ဖေဖေကလိုက်မယ်တဲ့လေ"
ထယ်ယောင်း မောင်ပျော်နေမည်သိ၍ စိတ်ထဲကျေနပ်သလိုရှိ၏။
"မောင့်ဖေဖေနဲ့ ဒီကို အန္တရာယ်ကင်းကင်းပြန်လာနော်"
"အင်း ခင်ဗျားကို ကျုပ်နည်းနည်းမှစိတ်မချဘူး"
"ဘာလို့လဲ"
"ခင်ဗျားက တဇွတ်ထိုးလေ လေးလေးတို့ဒေါ်လေးတို့မပါလည်း ခင်ဗျားကတစ်ယောက်တည်း ခြံထဲသွားချင်သွားနေမှာ ပြီးတော့ ဓားပြတွေက ရှမ်းပြည်မှာ ခပ်များများ"
ထယ်ယောင်းနူးညံ့သိမ်မွေ့စွာ နှုတ်ခမ်းပါးကလေးကိုပြုံးလိုက်မိသည်။အင်းလေ အိမ်ထောင်သက်၈လတောင်ကျော်ခဲ့ပြီဘဲ နှစ်ယောက်သား အချစ်မရှိတောင်သံယောဇဉ်တွယ်နေကြပြီထင်ပါရဲ့
"ငါယောက်ျားလေးပါမောင်"
"ယောက်ျားလေးတွေ မိန်းကလေးတွေ သူတို့ကတွက်တာမဟုတ်ဘူး ခင်ဗျားသူများတူတာလည်းမဟုတ်ဘူး ကျုပ်အပိုင်လေးက သိပ်လှတာ"
ထယ်ယောင်းပါးမို့မို့ ရှက်သွေးဖြာခြင်းကြောင့်နီဖြန်းသွားသည်။
"မောင်...အိမ်ကိုပြန်ခဲ့တော့ ငါမင်းကိုလွမ်းတယ်"
ထယ်ယောင်းပြောပြီးပြီးချင်းဖုန်းချလိုက်ရသည်။ကိုယ့်ဘာကိုလည်း ဘာတွေပြောမိသည်မသိ။သေချာတာ သိတာတော့ ရင်ဘတ်ထဲမှာ ဆိုင်းတွေဗုံနေတီးနေသလားမေးရမယ် တအားစိတ်ကမောဟိုက်ကာ လှုပ်ရှားနေမိသည်။
YOU ARE READING
သိမ်းထားခွင့် (Complete)
Fanficထယ်ယောင်းရင်ထဲ ပူပင်မိတာအမှန်ပင်။ထယ်ယောင်း မောင့်ရှေ့ကို အနေအထိုင်အများကြီးဆင်ခြင်သင့်တာ သိသည်။သို့သော် မောင့်ညီမလေး အကြိုက်ကို ထယ်ယောင်း ကူးယူထားခြင်းမဟုတ် မောင့်ညီမက ထယ်ယောင်းအကြိုက်တွေ မှတ်သားထားခဲ့၍ ထယ်ယောင်း ဘယ်လို ဆင်ခြင်နေထိုင်ရမည်တကယ်မသိတော့...