ခြေလှမ်းတို့သည် ခေါက်တွန့်ခေါက်ပြန်လျှောက်လျက် လက်ကပုတီးလေးတွေ တစ်လုံးပြီးတစ်လုံးဆွဲချနေသည်။ပါးစပ်က မေတွတာသုတ်ကိုရွတ်နေပေမယ့် စိတ်ကမောင့်ဆီမှာ။နာရီကိုကြည့်လိုက် ကားသံနားစွင့်လိုက်နဲ့ မောဟိုက်ကာ စိတ်တွေထွေပြားနေသည်။
"သား၁၀နာရီထိုးပြီ အိပ်တော့မလား ဒေါ်လေးစောင့်လိုက်မယ်"
"နေပါစေ မောင်ပြန်မလာသေးတော့ အိပ်ရမယ်မထင်ဘူးဒေါ်လေး"
"ရာသီဥတုကအေးတယ် သားရဲ့ သွားအပေါ်ထပ်ကစောင့်နေ"
"ရပါတယ် မောင့်ကို ဒီကဘဲစောင့်လိုက်မယ်"
ထယ်ယောင်း အိမ်တံခါးနားသွားရပ်လိုက်သည်။ဒေါ်လေးစိတ်ထဲတော့ ဒီကလေး တယ်ကပ်တာဘဲ။
စိတ်ကထွေရာလေးပါးလျှောက်တွေးမိသည်။မောင် မျက်နှာဖြူတွေနဲ့ ညှိလို့မရလို့ သူတို့မောင့်ကို ဖမ်းထားကြသလား။ဟင့်အင်း မောင်အဲ့လောက်အခွန်ကိစ္စကပ်နေမည်မဟုတ်။ဒါဆိုဘာလဲ လမ်းမှာဓားပြတွေနဲ့ တွေ့လို့ အို....အဲ့လိုမဖြစ်ပါစေနဲ့။
မျက်ရည်က ဘာရယ်မဟုတ် ရစ်ဝိုင်းလာသည်။ထိုအချိန်မှာပင် မောင်၏ကားလေးခြံရှေ့ရောက်လာသည်။လေးလေးက သူ့အိမ်လေးထဲက ထွက်ကာ မောင့်အား ခြံတံခါးဖွင့်ပေးသည်။
မောင်၏ကားရပ်ရပ်ချင်း ထယ်ယောင်းမောင့်နားသွားလိုက်သည်။မောင်သည် ကားပေါ်ဆင်းဆင်းချင်း ထယ်ယောင်းအား နားမလည်သလိုကြည့်သည်။
"ငါစိတ်ပူနေတာ ဟင့် ငါမင်းဘာဖြစ်နေတာလဲလို့ ဟင့် ဟီးးအီးး"
ထိုသူသည် သူ့အားမြင်သည်နှင့် ကလေးလေးတစ်ယောက်လိုငိုချလေသည်။သူတစ်ခါမှ ဒီလူ့ကို ဒီလိုအမူအယာလေး မတွေ့ဖူးခဲ့ပေ။သူ ထိုသူ့ကိုရင်ခွင်ထဲဆွဲသွင်းလိုက်ရသည်။
"မငိုနဲ့လေ ကျုပ်ဘာမှမဖြစ်ဘူး"
"ဟင့် မောင်မကောင်းဘူး ငါမောင့်ကိုတအားစိတ်ပူနေရတာသိသလား"
သူကျေနပ်၍ ပြုံးမိတာအမှန်။ထိုသူ၏နှုတ်ခမ်းပါးလေးက သူ့ကိုစိတ်ပူတယ်တဲ့လား။
ထိုသူကို သူပွေ့ချီကာ အိမ်ထဲခေါ်လာလိုက်သည်။ထမင်းစားစားပွဲမှာ ဒေါ်လေးရောရှိနေ၍ သုံးယောက်သားခေါင်းချင်းဆိုင်ထိုင်လိုက်ကြသည်။
YOU ARE READING
သိမ်းထားခွင့် (Complete)
Fanfictionထယ်ယောင်းရင်ထဲ ပူပင်မိတာအမှန်ပင်။ထယ်ယောင်း မောင့်ရှေ့ကို အနေအထိုင်အများကြီးဆင်ခြင်သင့်တာ သိသည်။သို့သော် မောင့်ညီမလေး အကြိုက်ကို ထယ်ယောင်း ကူးယူထားခြင်းမဟုတ် မောင့်ညီမက ထယ်ယောင်းအကြိုက်တွေ မှတ်သားထားခဲ့၍ ထယ်ယောင်း ဘယ်လို ဆင်ခြင်နေထိုင်ရမည်တကယ်မသိတော့...