"အရှင်ဘုရား သောကြာသား မောင်ပတ်ခ်ဂျီမင် တစ်ယောက် အန္တရာယ်ကင်းဘေးရှင်း၍ လုပ်ငန်းကိုင်ငန်းများ အဆင်ပြေပါစေ"
ထယ်ယောင်း ဆုကိုခပ်တိုးတိုးလေးဆုတောင်းကာ ကြမ်းနှင့်နဖူးထိသည်အထိ ဘုရားရှင်တော်မြတ်ကို ဦးချကန်တော့လိုက်သည်။ဘုရားကျောင်းတော်ပေါ်က သောက်တော်ရေခွက်များနှင့် ဘုရားပန်းအိုးများ ဝင်းလဲ့နေသည်ကို ကြည့်ကာ စိတ်ချမ်းသာရသည်။ဆွမ်းတော်တင်ကိုလည်း ထမင်းဆီဆမ်းနှင့်အကြော်ကလေးတင်ရသည်မို့ ပိုပြီးစိတ်ထဲ ကြည်နူးကာသန့်နေမိသည်။
ဘုရားခန်းကအထွက် အခန်းထဲပြန်မဝင်တော့ဘဲ အောက်ထပ်ဆင်းလာလိုက်သည်။
မောင်စားဖို့အတွက် သူပြင်ဆင်ပေးရမည်မလား။
"သား ဒေါ်လေးငါးဖယ်ကြော်ထားပြီးပြီ"
"ဟုတ်ဒေါ်လေး ကော်ဖီအတွက် ရေနွေးရပြီလား"
"တည်ထားတယ်ကလေး"
"ဟုတ်ကဲ့"
ထယ်ယောင်း မီးဖိုခန်းထဲဝင်ကာ ကော်ဖီပုလင်းကိုစင်ပေါ်ကယူပြီး မောင်သောက်နေကြ ခွက်ကလေးထဲထည့်သည်။ရေနွေးအိုးကို အဝတ်စုတ်အကူအညီနဲ့ယူကာ ကော်ဖီခွက်ထဲထည့်သည်။
"အာ့"
လက်က ဟန်ချက်ပျက်သွား၍ ရေနွေးအိုးပြုတ်ကျကာ အပူငွေ့တွေ ထယ်ယောင်းလက်ဟပ်သွားသလိုခြေထောက်ဖြူဖြူလေးများလည်းရေနွေးလာစင်သည်။
"ခင်ဗျားရရဲ့လား"
မောင်သူ့နား ရောက်လာကာ လက်မောင်းလေးလာကိုင်သည်။
ထယ်ယောင်း ခေါင်းလေးသာငြိမ့်ပြပြီး လွင့်စင်သွားသည့်ရေနွေးအိုးကို ကုံးကောက်မည်လုပ်တော့မောင်က ထယ်ယောင်းကိုဆွဲယူပွေ့ချီပြီး ဧည့်ခန်းဆီခေါ်သွားသည်။
"ဒေါ်လေး ဆေးသေတ္တာယူခဲ့"
ဒေါ်လေးသည် မောင်၏ ခပ်လောလောအသံကြောင့် အမြန်ဆေးသေတ္တာထားသည့် စတိုခန်းထဲ ပြေးမတတ်ဝင်သွားရှာသည်။
မောင် ထယ်ယောင်းကို ဧည့်ခန်းက ကြိမ်စတီပေါ်ချပေးကာ ထယ်ယောင်းရှေ့ ဒူးထောက်ထိုင်ချလိုက်သည်။
YOU ARE READING
သိမ်းထားခွင့် (Complete)
फैनफिक्शनထယ်ယောင်းရင်ထဲ ပူပင်မိတာအမှန်ပင်။ထယ်ယောင်း မောင့်ရှေ့ကို အနေအထိုင်အများကြီးဆင်ခြင်သင့်တာ သိသည်။သို့သော် မောင့်ညီမလေး အကြိုက်ကို ထယ်ယောင်း ကူးယူထားခြင်းမဟုတ် မောင့်ညီမက ထယ်ယောင်းအကြိုက်တွေ မှတ်သားထားခဲ့၍ ထယ်ယောင်း ဘယ်လို ဆင်ခြင်နေထိုင်ရမည်တကယ်မသိတော့...