ထယ်ယောင်း အိပ်ယာနိုးတော့ ဘေးမှာ မောင်ရှိမနေပေ။အိပ်ယာက စိမ်းနေတာကြောင့် ညကအိပ်မပျော်ပေ။မိုးလင်းခါနီးမှ မှေးကနဲဖြစ်ကာ အခုမှ နိုးသည်။အိပ်ယာက ထကာ အိမ်ရှေ့ကရေကန်ဆီ သွားတော့ ခြံကြီးထဲမှာ အလုပ်သမားများ လှုပ်လှုပ်ရှားရှားရှိကာ လုပ်ငန်းစနေကြသည်။
ခြေထောက်လက်ထောက်ဆေးကာ မျက်နှာသစ်သွေးတိုက်လိုက်သည်။အိမ်ထဲပြန်ဝင်တော့ ထမင်းစားပွဲပေါ် တွင် ကောက်ညှင်းပေါင်းနှင့် ဗရာကြော်ပန်းကန်လေးရှိသည်။
"မောင် အလုပ်ထဲသွားပြီလား"
ထယ်ယောင်း အေးဆေးထိုင်ကာ စားနေစဉ် မောင် အိမ်ထဲ ဝင်လာသည်။မျက်နှာထားက တည်တည်နှင့် ထယ်ယောင်းအား ကြည့်သည်။သေချာသည် မောင်၏မျက်နှာမှာ ပူဆွေးမှုနှင့် အလိုမကျမှုပေါ်လွင်နေသည်။ဘာလဲ ညီမလေးဆုံးတာ ဒီနေ့ ၁၀လပြည့်တာလား။
မောင် အခန်းထဲကို ဝင်သွားလေသည်။ထယ်ယောင်းစားလက်စ ကောက်ညှင်းကို မနည်းကုန်အောင်း မြိုချလိုက်ရသည်။
မောင်သည် ရှမ်းဘောင်းဘီလဲလာကာ ပုခုံးပေါ်မှာလည်း ရှမ်းလွယ်အိတ်သိုင်းလို့ ထွက်လာတာ။
"မောင်"
မောင်သူ့အား မျက်မှောင်ကြုတ်ကြည့်၏။သူမောင့်အနား ခပ်သွက်သွက်သွားကာ
"ဘယ်သွားမလို့လဲ"
"ခင်ဗျားသတ်ခဲ့တဲ့ ကျုပ်ညီမသိပ်သဘောကျတဲ့နေရာ"
ထယ်ယောင်း မျက်လွှာချလိုက်မိသည်။နှုတ်က ဘာဆက်ပြောရမည်မသိသလို မောင့်နောက်လည်း လိုက်ချင်သည်။
"ငါ....ငါ...လိုက်"
"တော်စမ်းပါ ခင်ဗျား အေးဆေးနေခဲ့"
"လူလေး မြင်းရောက်ပြီ"
ထယ်ယောင်း ဘာမှ ဆက်ပြောလို့မရပေ။အိမ်ရှေ့တွင် ဦးလေးကြီးတစ်ယောက် မြင်းကိုယူလာကာ ပြော၍ မောင်အိမ်ရှေ့ထွက်သွားသည်။ထယ်ယောင်း အိမ်ရှေ့ ထွက်ကြည့်တော့ မောင်ဟာ မြင်းပေါ်တက်နေလေပြီ။ထယ်ယောင်းဘက်တစ်ချက်လှည့်ကြည့်လိုက်သေးသည်။
"ခင်ဗျား ဝမ်းနည်းပြမနေနဲ့"
မြင်းကိုစီးကာ ခြံကြီးထဲ ထွက်သွားလေသည်။ဦးလေးကြီးနှင့် မျက်မှန်းတမ်းမိတော့ ထယ်ယောင်း ပြုံးပြလိုက်သည်။ဦးလေးကလည်း ခေါင်းလေးငြိမ့်ပြလေသည်။
YOU ARE READING
သိမ်းထားခွင့် (Complete)
Fanficထယ်ယောင်းရင်ထဲ ပူပင်မိတာအမှန်ပင်။ထယ်ယောင်း မောင့်ရှေ့ကို အနေအထိုင်အများကြီးဆင်ခြင်သင့်တာ သိသည်။သို့သော် မောင့်ညီမလေး အကြိုက်ကို ထယ်ယောင်း ကူးယူထားခြင်းမဟုတ် မောင့်ညီမက ထယ်ယောင်းအကြိုက်တွေ မှတ်သားထားခဲ့၍ ထယ်ယောင်း ဘယ်လို ဆင်ခြင်နေထိုင်ရမည်တကယ်မသိတော့...