ထယ်ယောင်း၏ ခြေဖျားလေးများသည် ဆောင်းတွင်းလေအတိုးကြောင့် အေးစက်နေသည်။ဗိုက်အောင့်တာ သက်သာပေမယ့် မောင်က ဒေါ်လေးကို သေချာမှာထား၍ တစ်နာရီခြားတစ်ခါ ထမင်းဖြစ်ဖြစ် မောင်ဘိလပ်ကလှမ်းမှာတဲ့ မုန့်တွေဖြစ်ဖြစ်စားနေရသည်။လူလည်း စားရတာ များတော့ ဝလာမလား အောက်မေ့ရသည်။အခုလည်း ကိတ်မုန့်နဲ့နွားနို့ သောက်ပြီး၍ အိမ်ထဲမှာ ပုတီးကိုင်ကာ လမ်းလျှောက်နေလိုက်သည်။
ကားသံကြားသည်။မောင်ပြန်လာပြီ...
ထယ်ယောင်း အိမ်တံခါးနားသွားတော့ မောင်ဟာ ထယ်ယောင်းအား မျက်မှောင်ကြီးကြုတ်ကာ ကြည့်သည်။
"ခင်ဗျား လှဲမနေဘူးလား အေးကအေးနဲ့"
"ဗိုက်တင်းနေလို့"
မောင်သည် သူ၏ အိတ်ကို ထယ်ယောင်းနောက်က ပါလာသည့် ဒေါ်လေးအား ပေးသည်။ထယ်ယောင်းခါးထက် ဖက်ကာ ဧည့်ခန်းထဲ အရင်ဝင်သည်။ထယ်ယောင်းထိုင်တော့ မောင်လိုက်မထိုင်ပေ။ထယ်ယောင်းနဖူးလေး အရင် ကုန်းနမ်းတာ။
"ပြွတ်"
ပြီးတော့ ထယ်ယောင်းရှေ့ ဒူးထောက်လိုက်သည်။
"မင်း ဘာလုပ်မလို့လဲ"
"ယောက်ျားက အကြမ်းဖက်မယ်ထင်နေလို့လား"
"မထင်ပါဘူး"
မောင်သည် သူ၏ အင်္ကျီအိတ်ထဲလက်နိုက်နေလေသည်။ထိုအိတ်ထဲက ရွှေရောင်ကြိုးလေးထုတ်လိုက်လေသည်။
"ခင်ဗျား ခြေထောက်လေးမှာဝတ်ရမယ်"
မောင်သည် ထယ်ယောင်း၏ခြေထောက်ကလေးအသာဆွဲယူလေသည်။ထယ်ယောင်း အထူးအဆန်းတွေမို့ ကြောင်ကာကြည့်နေမိသည်။
သူဒီလူ့ခြေထောက်လေး ကိုင်လိုက်ချိန် ခြေဖျားတွေအေးလို့။
"ခင်ဗျား ခြေဖျားတွေ အေးနေတယ်"
"ဟင်"
ထယ်ယောင်း အခုမှ သတိဝင်ကာ ခြေထောက်ကလေး မောင့်လက်ဆီက ရုန်းသည်။မရပါ။လက်နှင့် ဆုပ်ကိုင်နေတာ။
"အေးစက်နေတာဘဲ မဖြစ်ဘူး အိပ်ယာထဲကွေးနေမှ"
"ရပါတယ် ဒီလောက်က"
YOU ARE READING
သိမ်းထားခွင့် (Complete)
Fanfictionထယ်ယောင်းရင်ထဲ ပူပင်မိတာအမှန်ပင်။ထယ်ယောင်း မောင့်ရှေ့ကို အနေအထိုင်အများကြီးဆင်ခြင်သင့်တာ သိသည်။သို့သော် မောင့်ညီမလေး အကြိုက်ကို ထယ်ယောင်း ကူးယူထားခြင်းမဟုတ် မောင့်ညီမက ထယ်ယောင်းအကြိုက်တွေ မှတ်သားထားခဲ့၍ ထယ်ယောင်း ဘယ်လို ဆင်ခြင်နေထိုင်ရမည်တကယ်မသိတော့...