"အဖျားကတစ်ရာ့သုံးတောင်ရှိတယ် ဆေးထိုးရမယ် ထယ်ယောင်း"
သူ၏ အပိုင်လေးသည် တကယ့်အသည်းယားစရာကောင်းသည်။ဆေးထိုးရမည်ကြောက်၍ သူ့အား မျက်နှာငယ်ကလေးနှင့်ကြည့်ရှာသည်။သူတစ်ချက်ပြုံးကာ ထိုသူ၏ ပါးကလေး အသာလေးကိုင်လိုက်တော့သည်။ကြောက်၍ သူ့အား မျက်နှာငယ်ကလေးနှင့်ကြည့်ရှာသည်။သူတစ်ချက်ပြုံးကာ ထိုသူ၏ ပါးကလေး အသာလေးကိုင်လိုက်တော့သည်။
"မောင်ရှိတယ် မောင့်ကိုဖက်ထားလေ ဆေးတော့ထိုးရမယ်မောင့်ကလေးရ"
"ဟင့်အင်း ငါကြောက်လို့"
သူ၏လူသည် ခေါင်းအုံးပေါ်ပုံ့ပုံ့ကလေးလဲကာ သူ့အား အသနားခံနေသည့် မျက်ဝန်းလေးနှင့် ဆေးထိုးမခံရဖို့ အကူတောင်းနေလေသည်။
"မောင့် လက်ကိုကိုက်လိုက်..."
သူသူ၏လက်ဖျံအား ဆိုင်သူလေး ပါးစပ်နားကပ်လိုက်လေသည်။အစ်မဘက်ပြန်လှည့်တော့ အစ်မဖြစ်သူသည် ခပ်ပြုံးပြုံးနှင့် ဆေးထိုးအပ်ကိုင်ထားလေသည်။
"ထိုးတော့ အစ်မ"
မောင့်လက်အား ထယ်ယောင်း၏သွားကလေးများဖောက်ဝင်သလို ထယ်ယောင်း တင်ကလေးလည်း ဆေးထိုးအပ်နှင့် ထိုးခံရလေသည်။
"ရပြီ"
"ဟင့်"
"ကျွတ် ကျွတ်..."
မောင်သည် ထယ်ယောင်း၏တင်ကလေးပေါ်လက်ဝါးတင်ပြီး ချေလေ၏။
"ကဲ မောင်မောင် မင်းကအဖျား၁၀၁ရှိတယ် ဆေးထိုးမလား ဆေးသောက်မလား"
"ဆေးဘဲ သောက်လိုက်မယ်"
ထယ်ယောင်းမောင့် ဗိုက်ခေါက်ကလေးလိမ်ဆွဲပစ်လိုက်၏။
"အာ့ ဘာလဲထယ်"
"သူကြ ဆေးမထိုးဘဲ"
"အဟင်း ဟုတ်ပါ့ မောင်မောင် မင်းဘယ်တရားမလဲ"
သူ သူ၏ ဆိုင်သူလေး၏ မေးကလေး ထိန်းကိုင်ကာ ရယ်လိုက်တော့သည်။
"မောင်က နေကောင်းတယ်"
ထိုသူသည် သူ့အား မျက်စောင်းကလေးထိုးတော့၏။
&&&
မောင်သည် ဘာစိတ်ကူးရသည်မသိ ခြံထဲက နေရာလွတ်လေးမှာ စံပယ်ရုံတွေ မကြီးတို့မအုံခင်တို့အား ပျိုးခိုင်းလေသည်တဲ့။
YOU ARE READING
သိမ်းထားခွင့် (Complete)
Fanfictionထယ်ယောင်းရင်ထဲ ပူပင်မိတာအမှန်ပင်။ထယ်ယောင်း မောင့်ရှေ့ကို အနေအထိုင်အများကြီးဆင်ခြင်သင့်တာ သိသည်။သို့သော် မောင့်ညီမလေး အကြိုက်ကို ထယ်ယောင်း ကူးယူထားခြင်းမဟုတ် မောင့်ညီမက ထယ်ယောင်းအကြိုက်တွေ မှတ်သားထားခဲ့၍ ထယ်ယောင်း ဘယ်လို ဆင်ခြင်နေထိုင်ရမည်တကယ်မသိတော့...