သူကားပေါ်ကနေ လေးပင်စွာ ဆင်းလိုက်သည်။ကားတံခါးပိတ်ပြီးသည်နှင့် မို့မောက်မောက် မြေစာပုံတွေ ဖြူလွှလွအုတ်ဂူလေးတွေဟာ စီလို့
သူ့ခြေလှမ်းများသည် တည်ထားတာ မကြာသေးသည့် အုတ်ဂူဖြူလေးဆီဦးတည်သည်။နှလုံးသားတွေနာကျင်ရသလို ယောက်ျားတန်မဲ့ မျက်ရည်ကျရသည်။သူအသက်ရှူကြပ်ရသည်။ဒီကို သူတစ်ပတ်သုံးခေါက်လောက်တော့ ရောက်သည်။ရောက်သည့်အခါတိုင်း ရင်းကျိုးမတတ် အော်ငိုမိတာ
မပတ်ခ်ဂျီဆောင်း အသက်၂၂နှစ်
အုတ်ဂူပေါ်က စာလုံးလေးတွေကို သူလက်လေးနဲ့တယုတယထိကာ ရှိုက်ကာငင်ကာ ငိုတော့သည်။
"ကိုကို တောင်းပန်ပါတယ် ညီမလေးရေ..."
"ကိုကို ဘိလပ်သွားတုန်း ညီမလေးအခုလို ဖြစ်ရတာ ကိုကိုလေ ရင်ကျိုးမတတ်ခံစားရပါတယ်"
"ကိုကို့ထက် ကင်မ်ထယ်ယောင်းကို ပိုချစ်ရလား ညီမလေးရာ..."
"တောက်..."
သူမျက်ရည်များကြားက မာန်တင်းကာ တက်ခေါက်ပြီးဟိုလူကို မြင်ယောင်မိပြန်သည်။ထိုလူဟာ အနေအေးသလောက် အဆိပ်ပြင်းသည်။ရက်စက်သည်။နှလုံးသားမရှိတဲ့ လူအေး ရက်စက်သည့်လူတစ်ယောက်။
"ခင်ဗျားကို ကျုပ်သိပ်မုန်းတာဘဲ ခင်ဗျားကို ကျုပ်..."
သူ့မျက်ရည်တွေ တဘောက်ဘောက်ကျကာ အုတ်ဂူပေါ် လက်ထောက်ပြီး ရှိုက်ကြီးတငင်ငိုပြန်တော့၏။
"ဂျီမင်....လူလေး သား"
လေးလေးကျော်သည် ဂျီမင့်နားရောက်လာကာ
ပုခုံးလာဖက်သည်။ဂျီမင် ခေါင်းထောင်ကာ လေးလေးကျော်ကို ပြန်လည်ဖက်ထားလိုက်တော့သည်။"လေးလေးရယ် ကျွန်တော့်ညီမလေး မိုက်လိုက်တာဗျာ"
လေးလေးက သူ့ကျောကိုသပ်ပေးကာ ခေါင်းတငြိမ့်ငြိမ့် နဲ့နားထောင်နေရှာသည်။
"ကျွန်တော့်ညီမလေးကလေ ကျွန်တော့်ကိုသိပ်ချစ်တာဗျ ကျွန်တော်တို့ မောင်နှမကို အခုလို ကွဲကွာအောင် လုပ်တဲ့ ဟိုလူကို ကျွန်တော် မုန်းတယ် လေးလေး"
"လူလေး အခုလို ငိုနေတာ လူလေးညီမလေး သိရင် စိတ်မကောင်းဖြစ်နေမှာပေါ့ မငိုပါနဲ့ကွာ"
YOU ARE READING
သိမ်းထားခွင့် (Complete)
Fanfictionထယ်ယောင်းရင်ထဲ ပူပင်မိတာအမှန်ပင်။ထယ်ယောင်း မောင့်ရှေ့ကို အနေအထိုင်အများကြီးဆင်ခြင်သင့်တာ သိသည်။သို့သော် မောင့်ညီမလေး အကြိုက်ကို ထယ်ယောင်း ကူးယူထားခြင်းမဟုတ် မောင့်ညီမက ထယ်ယောင်းအကြိုက်တွေ မှတ်သားထားခဲ့၍ ထယ်ယောင်း ဘယ်လို ဆင်ခြင်နေထိုင်ရမည်တကယ်မသိတော့...