"ကုလားဦးဦးတွေထမ်းတဲ့အထမ်း ရန်ကုန်မြို့ကြီးမှာပေါတယ်ဆိုဦးဦး"
ထယ်ယောင်းမောင်မောင့်ကိုပွေ့ချီထားပြီး မေးသမျှဖြေရင်း အိမ်မှာလုပ်စားဖြစ်သည့်ငှက်ပျောပေါင်းခွံ့ကျွေးနေသည်။ကလေးငယ်ဟာ မေးခွန်းမေးလိုက်တဲ့အမေး ပါးစပ်ကို အငြိမ်မနေရဘူး တောက်လျှောက်သူမေးတာ ဖြေနေရတာဘဲ။
"အင်း ပေါတယ် ဦးဦးရန်ကုန်မှာ ကျောင်းတက်တုန်းက မြင်ဖူးတယ်"
ကလေးငယ်သည် မျက်လုံးလေးများတောက်သထက် တောက်လာကာ ပါးစပ်ကလေးဟပြီး မုန့်ခွံ့ရန်အချက်ပြလေသည်။
ထယ်ယောင်း ပန်းကန်လေးကိုင်ကာ ဇွန်းနှင့် ငှက်ပျောသီးကိုဖဲ့ယူကာ မောင်မောင့်ကို ခွံ့ကျွေးလိုက်သည်။
"ရန်ကုန်မှာ ကုလားတွေပေါလားဦးဦး"
"မြန်မာတွေလည်းရှိတယ် အင်္ဂလိပ်တွေရှိတယ် ကုလားတွေရောစုံလို့"
"ဦးဦးက ဘာလို့အဲ့မှာမနေတာလဲ"
ထယ်ယောင်းချိုမြစွာ ပြုံးပြပြီး လက်ထဲကပန်းကန်ကိုစားပွဲပေါ်ပြန်တင်ကာစားပွဲပေါ်က လက်သုတ်ပုဝါလေးယူလိုက်သည်။မောင်မောင့်ပါးစပ်ကလေးသုတ်ပေးပြီးမှ စကားဆက်လိုက်သည်။
"ဒါက ဦးဦးဇာတိလေ ဦးဦးငယ်ငယ်ကတည်းကနေလာခဲ့တာဘဲ ဒီမြို့ကို ဦးဦးမခွဲနိုင်ဘဲကို"
"ဖေဖေက ပြောတယ် ဒါကမြန်မာပြည် သူတို့က တို့ဆီလာကြတာတဲ့"
"ဟုတ်တာပေါ့ ဦးဦးတို့မြန်မာပြည်က အင်္ဂလိပ်တွေသိမ်းခံထားရတာလေ အဲ့တော့ အင်္ဂလိပ်တွေက အိန္ဒိယပြည်ကချစ်တီးကုလားတွေခေါ်လာတယ် အဲ့ဆီကဘဲ အလုပ်သမားတွေခေါ်လာတာအများကြီး"
"သူတို့က သူတို့အိမ်သူတို့ဘာလို့မနေတာလဲ"
မောင်မောင်က သူတို့ပြည်လို့ပြောရမည်ကို အိမ်ဟု မပြောတတ်ပြောတတ်ပြောလိုက်လေသည်။
"တို့မြန်မာနိုင်ငံက သယံဇာတ ပေါသကိုး သယံဇာတဆိုတာ ကျွန်းသစ်တို့ ရေနံတို့ ရွှေတို့ကျောက်စိမ်းတို့ပြောတာ ကျွန်းသစ်ဆိုတာ အခု သားသားနဲ့ဦးဦးထိုင်နေတဲ့ ဒီထိုင်ခုံက အသားတွေလေ ရေနံက ဖယောင်းတိုင်ထွန်းရင် သုံးတာ သားသားသိတယ်မလား"
YOU ARE READING
သိမ်းထားခွင့် (Complete)
Fanficထယ်ယောင်းရင်ထဲ ပူပင်မိတာအမှန်ပင်။ထယ်ယောင်း မောင့်ရှေ့ကို အနေအထိုင်အများကြီးဆင်ခြင်သင့်တာ သိသည်။သို့သော် မောင့်ညီမလေး အကြိုက်ကို ထယ်ယောင်း ကူးယူထားခြင်းမဟုတ် မောင့်ညီမက ထယ်ယောင်းအကြိုက်တွေ မှတ်သားထားခဲ့၍ ထယ်ယောင်း ဘယ်လို ဆင်ခြင်နေထိုင်ရမည်တကယ်မသိတော့...