သူကားကို အိမ်ရှေ့ရပ်လိုက်သည်နှင့် အိမ်ထဲကနေ ထိုသူထွက်လာကာ သူ့အားလာကြိုမည်ကိုမျှော်လင့်မိ၏။သို့သော် ထင်ထားသလို ထိုသူမဟုတ်ဘဲ ဒေါ်လေးသာ ထွက်လာလေသည်။သူကားပေါ်က ဆင်းဆင်းချင်း ဒေါ်လေးသည် သူ့အား ဆီးကြိုပါလေရော။
"မောင်ဂျီမင် နောက်ကျလာပြီလား ၇နာရီတောင်ထိုးတော့မယ်ကွဲ့"
"ဟိုလူရော"
"ခြံထဲမှာလေ မင်းလေးလေးသွားခေါ်တာဘဲ ညနေက ပြန်လိုက်မလာဘူး"
ဂျီမင်၏ မျက်ခုံးများစုကြုတ်သွားသည်။လေးလေးအား ခြံထောင့်တစ်နေရာရာတွင် ရှိနေမလားလှမ်းကြည့်တော့ လေးလေးသည် နှင်းဆီပင်များမှ ကြွေကျနေသော ပွင့်ဖက်ကလေးများအား ကောက်ယူကာ အလုပ်ရှုပ်နေလေသည်။
"လေးလေး"
သူ၏ အသံမှာ မာဆတ်ဆတ်နှင့် စိတ်တိုမှုပေါ်လွင်နေသည်မို့ ဒေါ်လေး သက်ပျင်းချလိုက်မိတော့သည်။လေးလေးလည်း သူ့အသံကနေ သူ၏ ဒေါသမှန်းဆမိ၍ ခပ်သွက်သွက် အနားရောက်လာသည်။
"ကျွန်တော် နေ့လည်ကဖုန်းဆက်တယ်မလား"
"ဆက်ပါတယ် မင်းပြောသလို လေးလေး ထယ်ယောင်းလေးကို ညနေလေးနာရီမခွဲခင် သွားခေါ်ပါတယ် ဒေါ်လေးသိပါတယ်မေးကြည့်ပါ"
ဒေါ်လေးသည် ခပ်သွက်သွက် ခေါင်းငြိမ့်ကာ ထောက်ခံလေ၏။
"ထယ်ယောင်းက လေးလေးကို အတင်းပြန်ခိုင်းတာပါ သူကောက်စိုက်သမလေးတွေနဲ့ခြေလျင်ပြန်ခဲ့မယ်တဲ့"
ဒီလူက သူ့ကိုမကျေနပ်လို့ အခုလို တမင်ရွဲ့တာလား။၇နာရီသာဆိုတယ် အပြင်မှာမှောင်နေပြီ။လူကို စိတ်ပူအောင်လုပ်နေတဲ့ ထိုသူကို စိတ်တိုမိတာအမှန်ဘဲ။
သူကားပေါ် အမြန်တက်ကာ ချက်ချင်းဘဲ ခြံထဲလိုက်သွားမိသည်။"စတော်ဘယ်ရီ ၅တောင်းဒါလေးကို ရေစိုဝတ်နဲ့ အုပ်ထားပေးနော် မကြီး"
ထယ်ယောင်း အခုလို အချိန်ကုန်ရတာ ပျော်သည်။တစ်နေကုန်လုံး ဒီခြံထဲက အစ်မတွေညီမတွေနဲ့ စကားတပြောပြောနဲ့ စတော်ဘယ်ရီ ဝင်ခူးနေခဲ့တာ။အိမ်ကိုစောစောပြန်ရင် မောင့်ကိုမျှော်နေမိမည်။မောင်နှင့် မိန်းမတစ်ယောက်အကြောင်း တွေးကာ သံသယတွေစိတ်သောကတွေရောနေမည်။ဘုရားစာလည်း စိတ်ဖြောင့်ဖြောင့် ရွတ်နိုင်မည်မှမဟုတ်ဘဲ။ဒါကြောင့် လေးလေးလာခေါ်တာ လိုက်မသွားဘဲ ကောပ်စိုက်သမလေးတွေနဲ့အချိန်ကုန်ဖို့ရွေးလိုက်တာ။
YOU ARE READING
သိမ်းထားခွင့် (Complete)
Hayran Kurguထယ်ယောင်းရင်ထဲ ပူပင်မိတာအမှန်ပင်။ထယ်ယောင်း မောင့်ရှေ့ကို အနေအထိုင်အများကြီးဆင်ခြင်သင့်တာ သိသည်။သို့သော် မောင့်ညီမလေး အကြိုက်ကို ထယ်ယောင်း ကူးယူထားခြင်းမဟုတ် မောင့်ညီမက ထယ်ယောင်းအကြိုက်တွေ မှတ်သားထားခဲ့၍ ထယ်ယောင်း ဘယ်လို ဆင်ခြင်နေထိုင်ရမည်တကယ်မသိတော့...